Part(11)U/Z

2.4K 151 63
                                    

unicode

(အကြောင်းအရာအားလုံးသည်ဖန်တီးမှုတစ်ခုသာဖြစ်ကြောင်းသတိချပ်စေချင်ပါသည်)

"တအားပိုက်ဆံတွေပေါနေတာလားပြည်ထောင်"
"အဟက်!!!"

ရွဲ့ပြီးပြောလိုက်သည်ကို မခိျုမချဉ်ပြုံးရယ်လိုက်သူကြောင့် အခဲမကျေသေးတဲ့အတွက် ယံမျက်မှောင်ကြုံ့လိုက်မိ၏။

ဒီလိုကေလးကို မရမကမွေးစားဖို့လုပ်ခဲ့မိတဲ့ကိုယ့်ကိုယ်ကိုတောင်အ့ံသြရသည်။လူလေးကြီည့်တော့အသက်မပြည့်သေး။ ပုံစံက လူကြီးstyleနဲ့အမြင်ကပ်ချင်စရာ။

"အခုဘယ်ရောက်နေပြီလဲ"

မကျေနပ်သည့်ကြားမှ ခပ်တည်တည်နှင့်မေးလိုက်တော့ လက်ကိုကမ်းပေးကာကုတင်ပေါမှဆင်းစေ၏။

မကျေနပ်သေးပေမဲ့ပြည်ထောင်စုရဲ့ထိုအပြုအမူတွေကိုယံကျေနပ်နေ၍ ကမ်းပေးသည့်လက်အားထပ်တူကျစေလိုက်၏။

"ရေခိျုးချင်သေးလား"

ယံကအိပ်ထားတာဖြစ်၍ ပြည်ထောင်စုကမေးခြင်းဖြစ်၏။ကိုယ်တိုင်ကလည်းနုံးနေ၍ရေးခိျုးချင်စိတ်ပေါက်ကာခေါင်းငြိမ့်ပြလိုက်မိ၏။

"အင်း"

ယံခေါင်းငြိမ့်ကာပြောလိုက်သည့်စကားကြောင့်အခန်းနှင့်တွဲလျက်ဖြစ်သောရေခိျုးခန်းစီ ယံ ကိုလိုက်ပို့ပေး၏။

ယံကိုလိုက်ပို့ပေးပြီးအပြင်မှာစောင့်နေမည်ဟုပြောကာ အခန်းထဲကထွက်မှ ရေခိျုးခန်းကိုသေချာဝေ့ကြည့်မိ၏။

ယံတို့နေခဲ့တဲ့ကွန်ဒိုမှာရှိသည့်ရေခိျုးခန်းအကျယ်အဝန်းကဲ့သို့ပင်ကျယ်ဝန်းကာ ယံသုံးနေကျဖြစ်သည့်ပစ္စည်းတွေက အဆင်သင့်ရှိ၏။

အ့ံသြတကြီးလိုက်ကိုင်မိတော့ အမြင်မမှားမှန်းသိ၍ ပြည်ထောင်စုကိုခီျးကျူးပေးမိ၏။ရှေ့တည့်တည့်မှာရှိနေတဲ့တစ်ကိုယ်စာမှန်ရှေ့၌ယံအကြည့်တို့ရပ်တော့အိပ်ရာထစဖြစ်သည့်ယံပုံစံက တစ်မိျုးကြည့်ကောင်း၏။

ကိုယ့်ကိုယ်ကိုအမှတ်ပေးနေခိျန်၌ လည်ပင်းနားတစ်ဝိုက်ရှိအနီရောင်အမှတ်အသားတွေကြောင့်မျက်နှာကဖြန်းကနည်းရဲတက်သွားရ၏။

Adopted Brother Of Union (ongoing)Where stories live. Discover now