Part(8)U/Z

2.7K 176 66
                                    

Unicode

(ficပါ location များသည်မြန်မာနိုင်ငံနှင့်ဒီworldကိုနောက်ခံယူရုံသာဖြစ်ပြီးပါဝင်သောအကြောင်းအရာများသည်ဖန်တီးမှုများသာဖြစ်ကြောင်းသိစေလိုပါသည်)

"အန်ကယ့်အခြေအနေအန်ကယ်အသိဆုံးပါ"
"မင်းကခြိမ်းခြောက်နေတာလား"
"အဲလိုဖြစ်သွားတယ်လား"

လက်ရှိကိုင်လျက်စဖြစ်သော ကြက်သွေးရောင်ပတ္တမြား အား မျက်ဝန်းနှင့်တစ်တန်းထဲဖြစ်အောင်မြှောက်လိုက်၏။တလက်လက်တောက်ပနေသော ပတ္တမြားနှင့်အတူ ထိုးဖောက်ဝင်ရောက်လာသည့်စူးရှရှအကြည့်တွေကရက်စက်လွန်းလှ၏။

"မထင်ထားဘူးမင်းကဒီလိုလူဖြစ်လိမ့်မယ်လို့"

ထိုစကားကြောင့်ကိုင်လျက်စဖြစ်သောပတ္တမြား၏နံဘေးရှိကျောက်ဘူးထဲပြန်ထဲ့ကာ တစ္ဖက္လူအား ခပ်ပြုံးပြုံးကြည့်လိုက်မိ၏။

"မြှောက်ပင့်လွန်းနေပါပြီ"
"ဆိုတော့မင်းက ဒီယံ ကိုလိုချင်တာလား"

တစ်ဖက်လူကခုံမှထရပ်ကာ အပေါ်စည်းမှမြင်နေရသည်ရန်ကုန်မြို့၏ရှုခင်းအား မှန်တွေမှတစ်ဆင့်ကြည့်ရှုပြီးနောက်သူ့အားမေး၏။

ကိုယ်တိုင်က ဒီကိစ္စအတွက်လာခဲ့တာဖြစ်၍ တစ်ဖက်လူ၏အမေးအားမတုံ့မဆိုင်းဖြေမိ၏။

"အန်ကယ့်ကိုရွေးချယ်ခွင့်ပေးထားပြီးသားပါ တစ်ခုမဟုတ်တစ်ခုရွေးရမှာပဲ"

ဘယ်ဘက်လက်ညိုးအား တောက်ပြောင်နေသော ဖန်စားပွဲခုံထက်တောက်တောက်မြည်အောင်ခေါက်လိုက်မိ၏။

စိတ်လှုပ်ရှားလွန်း၍လုပ်နေတာမိျုးမဟုတ်ဘဲတစ်ဖက်လူအားသတိပေးထားသည့်ဟန်ဖြစ်သောကြောင့် အသံလုံVIPခန်းထဲမှာ တိတ်ဆိတ်ခြောက်ခြားစွာအသံထွက်၏။

"ငါ့အတွက်နစ်နာစရာတွေပဲဆိုတော့မင်းအနေနဲ့နောက်ဆုတ်ဖို့ပြောချင်ပါတယ်"

တစ်ဖက်ကရုတ်တရက်လှည့်ကာပြောလိုက်သည့်စကားကြောင့် အသံထွက်အောင်ရယ်လိုက်မိ၏။

"အဟားးး ကျုပ်ပြောတာတွေကစကားသက်သက်မဟုတ်ဘူးအန်ကယ်"

လူကိုယ်တိုင်ထရပ်လိုက်ပြီးခြေလှမ်းငါးလှမ်းစာအကွာအဝေးထိအရောက်လှမ်းကာအန်ကယ့်ရှေ့ပိတ်ရပ်ပြီးလက်ပိုက်ထားလိုက်မိ၏။

Adopted Brother Of Union (ongoing)Where stories live. Discover now