Part(5)U/Z

3K 199 32
                                    

Unicode

Daddyက ဆိုဖာမှထရပ်၏။ပြည်ထောင်စုကလဲဂရုမစိုက်။ယံကိုသူ့နောက်ကျောဘက်ဆွဲပို့လျက်ထား၏။

ထိုအပြုအမူကိုကြည့်ပြီးDaddyကစိတ်တစ်ထစ်လျော့လိုက်ဟန်တူသည်။ထွက်နေသည့်ဒေါသကိုထိန်းပြီးခဏကြာမှမူမပျက်စကားဆက်ပြော၏။

"နားလည်မှုလွဲနေပြီ"

Daddyပြောာလိုက်သည့်စကားကြောင့် ပြည်ထောင်စုက မျက်ခုံးတန်းတွေတွန်းခိျုးလျက်ကြည့်၏။

" ကိုကို လက်မထပ်ချင်တာကိုအန်ကယ်အတင်းပေးစားနေတာကနားလည်မှုလွဲနေတာလား"
"ပြည်ထောင်---"
"ခင်ဗျားငြိမ်ငြိမ်နေ"

ယံစကားဝင်ပြောဖို့လုပ်သော်လည်း ပြည်ထောင်စုကကြိုပိတ်ထားလိုက်၍ ယံစကားဆက်မပြောရ။

ဒီနှစ်ပိုင်းတွေမှ သိသိသာသာ ယံကို ပိုင်းစိုးပိုင်းနင်းလုပ်တတ်လာတဲ့ကောင်လေးက
ယခင်ကနှင့်မတူ။

ယံတို့ထိုသို့အခြေအတင်ဖြစ်နေ၍အခိျန်အကြာကြီးစကားဝင်မပြောဘဲထိုင်နေသောမေမြန်မာမောင်ကစကားဝင်ပြော၏။သူမ လဲထိုင်မကြည်နိုင်တော့၍ဖြစ်လိမ့်မည်။

"မေ တို့အရှက်ခွဲခံရတာဒီလောက်ဆိုတော်ရော့ပေါ့ ပြည်ထောင်စု"
"ဟုတ်တယ်ဦးတို့မိသားစုက ဂုဏ်သိက္ခာနဲ့နေတာ ဒီလို ပြောဖို့တော့မတန်ဘူးလို့ဦးထင်တယ်"

မမ မေ နှင့် သုမေဖေဖ ကပြည်ထောင်စုကိုဦးတည်လျက်ပြောလိုက်သည့် စကားကြောင့် ပြည်ထောင်စုမျက်နှာက လှောင်ပြုံးတွေနဲ့ပြည့်နှက်သွား၏။Daddyကတော့မျက်စိမျက်နှာပျက်နေပြီ။

"ကျုပ်မသိဘူးထင်နေလား ရှက်တတ်ရင်ပြန်ဖို့ကောင်းနေပြီ ကြာပန်းဖြူယောင်မဆောင်ချင်ပါနဲ့"

တောက်!!!

မေမြန်မာမောင်က သူမ၏handbagကိုကောက်ယူကာ တောက်တစ်ချက်ခေါက်လျက်နေရာမှထရပ်၏။

ထို့အတူသူမမိဘတွေကို ထရပ်စေကာမျက်နှာပျက်ပျက်ဖြင့် ထွက်သွားဖို့လုပ်သည်။ပြည်ထောင်စုရှေ့ရောက်တော့သူမကခဏရပ်၏။

"တစ်ခုမှတ်ထားပြည်ထောင်စု တို့က အခြေအနေမပေးလို့ငြိမ်နေလိုက်တာ မင်းတစ်နေ့တော့ တို့ ကိုတောင်းပန်လာစေရမယ်"
"ဟာသေတြပဲ"

Adopted Brother Of Union (ongoing)Where stories live. Discover now