Part(3)U/Z

3.5K 241 26
                                    

Unicode

မရောက်တာကြာပြီဖြစ်သော စံအိမ်ကြီးကိုခမ်းလှမ်းလှမ်းကကြည့်ပြီး ယံ နှာခေါင်းရှုံ့မိသည်။အပြင်ပန်းလှသလောက်အတွင်းက ပုတ်သိုးနေတဲ့ဒီနေရာက ယံ ကွန်ဒိုလောက်နေစရာကောင်းမှာတဲ့လား။သေလောက်အောင်လှနေလဲနေချင်စရာလုံးဝမကောင်း။

ခြေပြန်မချချင်ဘူးလို့တွေးထားပေမဲ့ ဒီထက်ပိုပြီးDaddyကိုလွန်ဆန်မိရင်ဖြစ်လာမဲ့အကိျုးဆက်တွေကြောင့်သည်းခံရမည်။

ထို့ကြောင့်စိတ်ကိုတင်းပြီး ခြံရှေ့ကားရပ်လိုက်တော့ ချက်ခြင်းတံခါးဖွင့်ပေး၏။ဘေးကကောင်လေးကိုတစ်ချက်စောင်းကြည့်တော့ စိတ်ဝင်စားဟန်မပြ။အေးအေးလူလူ။ယံအသစ်ဝယ်ပေးထားတဲ့i phoneကိုအကြည့်မပျက်။

ဒါပေမဲ့လည်း အိမ်ကလူတွေက လျှာနှစ်ခွနှင့်မို့နည်းနည်းလေးတော့ သည်းခံခိုင်းရမှာပင်။တော်ကြာညီလေးမလုပ်ချင်တော့ရင် ဒုက္ခ။

"အိမ်ကလူတွေဘာပြောပြော မယုံနဲ့နော် မင်းကိုမဟုတ်တာတွေပြောရင်လည်းငြိမ်ခံမနေနဲ့ငါမင်းဘက်မှာရှိတယ်"

ထိုအခါမှကောင်လေးကသူ့ကိုမော့ကြည့်လာပြီးခေါင်းတစ်ချက်ငြိမ့်ပြ၏။ယံပြုံးပြလိုက်မိ၏။12နှစ်အရွယ်လေးနဲ့အရာရာတည်တည်ကြည်ကြည်နေတတ်သောကောင်လေးအား ယံ သေဘာက်သြားရ၏။

"ရောက်ပြီ "

ကားရပ်ကာစကားဆိုလိုက်တော့ ကောင်လေးကအလိုက်တသိကားတံခါးကိုဖွင့်ကာဆင်း၏။အခိျန်ဆွဲမနေဘဲယံလဲကားပေါ်မှာဆင်းလိုက်သည်။

သက်တော်စောင့်တွေရှိမနေ၍ယံ အ့ံသြသွားရသေး၏။သို့သော် Daddyအကြောင်း သိနေ၍ထွေထွေထူးထူးတွေးမနေဘဲ ကောင်လေးကိုအိမ်ထဲဝင်ဖို့စောင့်နေလိုက်၏။

"သွားရအောင်"

ယံအနားထိုကောင်လေးရောက်လာသည်နှင့် လက်ကိုဆွဲကိုင်ကာအထဲဝင်ဖို့လုပ်လိုက်၏။ထိုအခါကိုင်ထားသောလက်အားစိုက်ကြည့်နေသောကြောင့် လက်ကိုပြန်လွတ်လိုက်မိ၏။

"မင်းမကြိုက်ရင်မကိုင်တော့ဘူး"

ယံပြောလိုက်တော့ မျက်မှောင်ကြုံ့ကာကြည့်၏။အခုတစ်ထိစကားပြောထို့အစီစဉ်ရှိဟန်မတူ။
သည်းခံ သည်းခံစမ်း ယံ။

Adopted Brother Of Union (ongoing)Where stories live. Discover now