Intor&Review

15.9K 470 40
                                    


(updateက2ရက်1ပိုင်းပါဗျ)

"1 billionတန်တဲ့ပြိုင်ကားတစ်စီး ကိုယ်ဝယ်ပေးမယ် ကိုယ့်ညီလေးလုပ်မလား"

""

အမေးခံလိုက်ရတဲ့ကောင်လေးက လမ်းမပေါ်ခေါင်းငိုက်စိုက်ချထားရာကနေမော့ကြည့်လာသည်။ထိုကောင်လေးရဲ့မျက်ဝန်းတွေကအရောင်အမိျုးမိျုးဖြတ်ပြေးသွားပြီး
ခဏကြာတဲ့အထိ သူ့ကိုစိုက်ကြည့်သည်။ပြီးတာနှင့်ခေါင်းကိုခါရမ်းလိုက်သည်။

ဆိုလိုတာက ငြင်းတာပေါ့။

သူပေးတဲ့ပြိုင်ကားက နည်းလို့လား။

"ဟုတ်ပြီ ဒါဆို ပြိုင်ကားအပြင် နောက်ဆုံးထွက် ဆိုင်ကယ်တစ်စီးဝယ်ပေးမယ် ကိုယ့်ညီလေးလုပ်မလား"

ဒီတစ်ခါတော့ထိုကလေးသူ့ကိုမော့ကြည့်မလာပေ။ထိုအစားခေါင်းကိုထပ်ရမ်းလိုက်သည်။

ဒါလည်းနည်းနေသေးလို့လား

"အဲတာတွေအပြင်ယူကရိန်းက limitနဲ့ထုတ်တဲ့phoneတစ်လုံးကိုယ်ဝယ်ပေးမယ် ကျောင်းကောင်းကောင်းထားပေးမယ်ကိုယ့်ညီလေးလုပ်မလား"

ခေါင်းကိုထပ်ရမ်းလိုက်ပြန်သည်။ဒါတော့လွန်ပြီမဟုတ်လား

သူအကြံအိုက်သွားရတယ်။
သူပေးတဲ့မက်လုံးတွေကတော်တော်လေးနည်းနေလို့ ဒီကလေးငြင်းတာခံနေရတာလား။ဘာထပ်ပေးမှာညီလေးလုပ်မှာလဲဆိုတာ ခေါင်းကြီးသွားရသည်။

သူညီလေး တစ်ယောက်အရေးတကြီးလိုနေသည်။ဒီကလေးကိုလက်လွတ်လို့မဖြစ် မရ ရအောင်ဆွဲရမည်။

"မင်းကြိုက်တာလက်ညိုးထိုးပြီးပြောလိုက် ကိုယ်လုပ်ပေးမယ် ဒါဆို ကိုယ့်ညီလေး လုပ်ပေးနိုင်မလား"

ဒါနောက်ဆုံးသောကမ်းလှမ်းနိုင်ချက်ဖြစ်သည်။ဒါ့အပြင်ကမ်းလှမ်းစရာသူ့မှာမရှိတော့။

ထိုအရာကအလုပ်ဖြစ်ဟန်တူတယ် ကောင်လေးကသူ့ကိုစူးစူးရဲရဲစိုက်ကြည့်သည်။ပြီးသည်နှင့် သူပါးစပ္ဖ်ားက စကားလုံးအခိျု့ထွက်ကျလာတော့သည်

"ခင်ဗျားကို လို ချင် တယ်!!"
""

_________
Review

အသက်20ခန့်သာရှိသေးသော "GGDS''လုပ်ငန်းစု၏ တတိယသခင်လေးဖြစ်သော
ဒီခေတ်ညယံ ။

Adopted Brother Of Union (ongoing)Where stories live. Discover now