Part(4)U/Z

3.4K 209 46
                                    

Unicode

1year later

"မင်းကြောင့်မဟုတ်ရင် သူ့တို့ဘက်ကစပြီးလုပ်စရာအကြောင်းမရှိဘူး တစ်ခေတ်လွှာ--- မင်းအနေထိုင်တတ်ရင်ပြည်ထောင်စုကိုလဲအခုလိုမထိခိုက်နိုင်ဘူး---အခုတော့ကွာတောက်"

ယံ ဆံပင်တွေက်ုထိုးဖွကာပြောတော့ လွှာက ခေါင်းငုံ့နေရင်းမှမျက်နှာမော့လာ၏။

"အို ---- ကိုယံ ပြောချင်တာက လွှာ အနေအထိုင်မတတ်လို့ဒီကိစ္စတွေဖြစ်လာတယ်ပြောချင်တာလား လွှာ အဲလူတွေနဲ့ဘာမှမပတ်သက်ဘူး ပြည်ထောင်စုကိုဒီလိုလုပ်လိမ့်မယ်လို့လဲလွှာမထင်ထားဘူး"

"အေး ဘာမှမလုပ်ဘူးပဲပြောနေလိုက် တောက်!!"

ယံ ဒေါသထွက်လွန်း၍ လွှာ့ အား တောက်တစ်ချက်ခေါက် ကာမျက်နှာလွှဲလိုက်ရ၏။သူ့ညီမမှားနေ၍ဘေးစကကောင်ကလဲဝင်မပြောရဲ။
မျက်နှာလွှဲထားမိလို့မဟုတ်ရင် ဒီအမွှာနှစ်ယောက်ကို ယံ တစ်ခုခုလုပ်မိတော့မှာ။

သူတို့ဘာလုပ်နေလဲ ဘာဖြစ်နေလဲ ယံမသိဘူးထင်နေကြသည်လား။
Daddyအမိန့်ကြောင့် အိမ်မှာ နေရတာကိုယံသည်းခံနိုင်သည်။

မထိသင့်တဲ့သူကိုမထိသင့်ဘူးဆိုတာကိုလဲသေချာပြောထားရဲ့သားနဲ့အခုတော့ ဓားစားခံကပြည်ထောင်စုဆိုတဲ့ကိုယ့်လူ။

"မိုးထိုင်းညီစေ မင်းညီမကို သေချာထိန်းနောက်တစ်ခေါက်မင်းတို့ကြောင့် သူတစ်ခုခုဖြစ်ရင်Daddyကိုအမှန်တိုင်းပြောဖို့ဝန်မလေးဘူး"

စိတ်ရှုပ်လွန်း၍ဆံပင်တွေကိုဆွဲဖွမိ၏။အမှားလုပ်ထားမိ၍ ငြိမ်နေသောနှစ်ယောက်ကိုလဲ တစ်ဆက်လေးမှကြည်မနေ။

ဆေးရုံမှာမို့ယံစိတ်လျော့ထားရ၏။အိမ်မှာလိုဆိုရင်သောင်းကျန်းလိုက်မိမှာ။

ခွဲခန်းတံခါးပွင့်မလားသေးသောအခန်းရှေ့၌ ယံ ထိုင်လိုက်ထလိုက်ဖြင့် အငြိမ်မထိုင်နိုင်။ယံရောက်လွယ်လို့မဟုတ်ရင်ဘယ်လောက်များခံလိုက်ရမလဲ။သွေးထွက်လဲလွန်သေးတယ်ယံနဲ့သာသွေးမတူရင်သွေးရှာနေတာနဲ့အခိျန်ကကုန်အုံးမှာတွေးကြည်လေဒေါသကထွက်လေဖြစ်ရ၏။

"လူနာရဲ့မိသားစုဝင်တွေလားရှင့်"

ခွဲစိတ်ခန်းတံခါးဖွင့်လာလျက်ပြောလိုက်သည့်စကားကြောင့် ပူထူနေသည့်ကြားမှယံအပြေးသွားလိုက်ရ၏။

Adopted Brother Of Union (ongoing)Where stories live. Discover now