Part(12)U/Z

2.4K 159 52
                                    


Unicode

တစ်မနက်လုံးလူကိုအခန်းထဲပို့ပြီးသည်နှင့်စကားမပြောမဆိုအခန်းပြင်ပြန်ထွက်သွားသူကြောင့်ယံမှာသူများအခန်းထဲကျန်ခဲ့ရ၏။

ကိုယ်ရင်းနှီးနေကျပတ်ဝန်းကျင်မဟုတ်သည့်အပြင် ခရီးပင်ပန်းလာ၍ ယံစောင်ပုံထဲတိုးဝင်ပြီးအိပ်လိုက်မိ၏။

ကေနဒါက ရာသီဥတုကြောင့်ခဏလေးတွင်းအိပ်ပျော်ရ၏။

ပုံမှန်ဆိုခရီးမည်မျှပင်ပန်းပါစေနေရာပြောင်းရင်မအိပ်တတ်တဲ့ယံကနှက်နှက်ခိျုက်ခိျုက်အိပ်ပျော်သွားသည်ကထူးဆန်းလှ၏။

ဒီလိုဖြစ်ရသည်ကလည်းယံနှင့်အတူ ပြည်ထောင်စုဟူသောကောင်လေးအတူရှိနေသောကြောင့်ဟုယူဆမိ၏။

ံနှိုးလာတော့ နေ့ဝက်ပင်ကျော်၍ညနေပင်စောင်းမည်ဟုထင်ပါသည်။ရောက်ရောက်ခြင်းအိပ်လိုက်တာဖြစ်၍အကီျ ၤအဝတ်စားပင်လာတုန်းကပုံစံအတိုင်း။

ယံနှိုးလားသော်လည်းအခုတထိအရိပ်ရောင်မမြင်ရသေးသောပြည်ထောင်စုကြောင့်မျက်မှောင်ကြုံ့လိုက်မိပါသည်။ကုတင်ပေါ်မှ စိတ်ရှုပ်စွာထရပ်လိုက်ပြီးအောက်ကိုဆင်းလိုက်၏။

ထိုအခါအခိျန်ကိုက်စွာတံခါးပွင့်လာ၍ ယံ တံခါးကိုစောင်းကြည့်မိ၏။

ထင်သည့်အတိုင်းပြည်ထောင်စုဖြစ်နေ၍ ယံ ကုတင်ခြေရင်းမှာ ရပ်မြဲရပ်ပြီး ထိုကောင်လေးကိုစိုက်ကြည့်မိ၏။

ယံအနေအထားကိုမြင်သည်နှင့်တစ်ချက်မျက်မှောင်ကြုံ့ကာ ကြည့်ရုံကြည့်ပြီး မသိသလိုနဲ့အခန်းထဲဝင်၏

ယံကိုယ်တိုင်ကလဲရပ်မြဲရပ်၏။တစ်ခုခြင်းအကြည့်မလွှဲဘဲလိုက်ကြည့်တော့ယံကိုကျော်ကာ အဝတ်ဘီရိုရှေ့ရပ်ပြီးရေလဲတဘက်ကိုဆွဲထုတ်နေတာကြောင့်ယံမျက်ခုံးပင့်မိ၏။

"ရေခိျုးဖို့လား"
"----------"

မေးတော့မဖြေ လူကိုလျစ်လျူရှုပြီး ရေခိျုးခန်းဟုထင်ရသောအခန်းအားဝင်သွား၍ နှုတ်ခမ်းကိုဖိကိုက်မိ၏။

ဒါကလူကိုစိတ်ကောက်ခြင်းလား။

ပုံမှန်ဆိုယံပြန်စိတ်ကောက်လိုက်မှာမှန်ပေမဲ့အကြီးဟူသောစိတ်ကြောင့်စိတ်ထိန်းကာ သကောင့်သားကိုချော့ဖို့လုပ်ရ၏။

Adopted Brother Of Union (ongoing)Where stories live. Discover now