Part 2

57 9 0
                                    

JungHwan ဒီနေ့ Model Samနဲ့အလုပ်ကိစ္စဆွေးနွေးဖို့ချိန်းထားတာကြောင့် မနက်ခင်းအချို့ အချိန်ဇယားတွေကိုနောက်နည်းနည်းဆုတ်ခိုင်းထားလိုက်သည်။
JungHwan နာရီတစ်ချက်ကြည့်မိတော့ ၈း၄၅ရှိနလေပွေီ ချိန်းထားတာက ၉နာရီမှဆိုတော့လဲ နည်းနည်းစောနေသေးတာပဲ။
ဘာလို့များ စိတ်လောနေမိတာပါလိမ့်။

JungHwan တွေးနေတုန်း တံခါးခေါက်သံကြားတာကြောင့် ဝင်ခဲ့ဖို့ခွင့်ပြုလိုက်တော့ JiHoon Hyungဝင်လာသည်။

"JungHwan.. Model Samရောက်လာပြီ"

''ဟင်..၉နာရီတောင်မထိုးသေးဘူးလေ"

''အဲ့တော့ ကိုယ်ကပြန်သွားပေးရမှာလား CEO So ဗျ"ထိုအသံက JiHoon Hyungနောက်မှာပါလာသည့် Model Samဆီမှဖြစ်သည်။
JungHwan ကြည့်မိလိုက်တဲ့အချိန်မှာ မြင်လိုက်ရတာက Hoodieအဖြူလေးနဲ့Jean pantsတွဲဝတ်ကာ ပေါ့ပေါ့ပါးပါးလေးသာဝတ်ဆင်ထားပေမဲ့ ထိုသူရဲ့အလှက နတ်သားလေးအလား။အသံကလဲ အေးအေးလေးနဲ့ နားထောင်ကောင်းနေပြန်သည်။

"Hey..CEO So shi,အဲ့လောက်ကြီးစိုက်မကြည့်ပါနဲ့လား ကိုယ်မနေတတ်လို့"

"အာ..sorry ပါ"JungHwanဘယ်လောက်တောင်ငေးမိသွားသည်မသိ တစ်ဖက်လူရဲ့အသံကြားမှ အသိပြန်ကပ်သည်။

"ထိုင်ပါအုံး.. Hyung ဧည့်သည်တွေအတွက်ကော်ဖီလေး... "

''နေပါစေ Samက coffee မသောက်ဘူး"Samရဲ့မန်နေဂျာဖြစ်သူကပြောလာတော့

"ဒါဆို အအေးလေးလုပ်လိုက် Hyung...
sorry နော် Coffeeမကြိုက်တာမသိလိုက်လို့"
JiHoon Hyung ကအအေးသွားယူရန်ထွက်သွားသည်။

''ရပါတယ် မလိုပါဘူး"လို့ ပြောကာ ပြုံးပြလာတဲ့ Model Samကြောင့် JungHwan ငေးခနဲဖြစ်သွားပြန်သည်။

"ဒါနဲ့ ကျွန်တော်တို့ တနေရာမှာများ ဆုံဖူးလေသလားလို့ "

''ဘာဖြစ်လို့လဲမသိဘူး"

''ကျွန်တော် Samကိုမြင်ဖူးနေသလိုခံစားရပြီး ကျွန်တော့်အသိတွေထဲကတစ်ယောက်နဲ့ဆင်နေသလိုဖြစ်နေလို့"

''ဪ..ဖြစ်တတ်ပါတယ် Hwanရဲ့..''
JungHwan ထိုနာမ်စားအားကြားလိုက်ချိန် ရင်ထဲဒိန်းခနဲဖြစ်သွားသည်။
နားထဲမှာလဲ Hwanဆိုတဲ့အသံက ပဲ့တင်ထပ်သွားလျက် တစ်စုံတစ်ရာကိုရုတ်တရက်အမှတ်ရသွားသည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now