Part 7

45 3 0
                                    

Flash back........,

Treasure High Schoolဆိုသည့် ဆိုင်းဘုတ်ကြီးကဝင့်ထည်စွာဖြင့် ကျောင်းသားကျောင်းသူများကိုကြိုဆိုနေသည်။
ကျောင်းရဲ့အဝင်ဝနားလွယ်အိတ်လေးလွယ်ကာ မလာသေးတဲ့သူငယ်ချင်းနှစ်ယောက်ကိုစောင့်နေတဲ့ အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသားလေး Park JeongWooလေးက ပါးစပ်ကလဲပွစိပွစိပြောနေကာ နောက်ကျနေတဲ့သူငယ်ချင်းတွေကိုစိတ်တိုနေသည်။

"ဒီလောက်ဖုန်းဆက်ပြီး စောစောလာပါပြောထားလဲ ခုထိရောက်မလာကြသေးဘူး "
ထိုစဥ်အနားကိုရောက်လာတဲ့ ကောင်မလေးက

"Jjeong Jjeong စောင့်နေတာကြာပြီလား"JeongWooလှည့်ကြည့်လိုက်တော့ သူငယ်ချင်းမလေး Yoon Mi Hyun...

"ကြာပြီပေါ့ ၈နာရီလောက်လာပါဆိုတာကို အခုကြည့်..၈နာရီခွဲတော့မယ် ငါကနင်တို့နဲ့အတူကန်တင်းမှာ မနက်စာစားမို့ပါဆို"-JeongWoo

''အေးပါဟာ sorry sorry "-MiHyun

''ဟွန့်''-JeongWoo

''"DoYoungie ရော မရောက်သေးဘူးလား"-MiHyun

''မရောက်သေးဘူး ဟော..ဟိုမှာလာပါပြီ ပြောရင်းဆိုရင်းနဲ့"-JeongWoo
ကားပေါ်ကနေ တလှုပ်လှုပ်ဆင်းလာလေတဲ့ အနည်းငယ်ပြည့်ဖောင်းဖောင်းကောင်လေးတစ်ယောက်

"ဟီး..ဟီး Jjeong Jjeong.. ''DoYoung သူငယ်ချင်းအားမျက်နှာချိုသွေးကာ သူ့ရဲ့မူပိုင်အပြုံးလှလှလေးဖြင့်ပြုံးပြလိုက်သည်။

"ဘာလဲ နောက်ကျလိုက်တာ DoYoungieရယ်
မှန်မှန်ပြော မင်းအိပ်ရာမနိုးဘူးမလား"-JeongWoo

"မင်းလဲသိနေတာပဲကို''-DoYoung

"ကဲပါ.. ငါတို့တွေကန်တင်းသွားရအောင်လေ
Jjeong Jjeongနင်ပဲ မနက်စာအတူတူစားမယ်ဆို"-MiHyun

''ဒါဆိုလဲသွားကြမယ်လေ ''ဆိုကာ ကျောင်းဝန်းထဲသုံးယောက်သားဝင်လာကြကာ ကန်တင်းဆီဦးတည်လိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက်မှာ DoYoung က Kim JunKyuဆိုသည့်အကိုတစ်ယောက်ရှိသည်။
JeongWooကတစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် အဖော်မက်သည်။
MiHyun ကတော့ Yoon JaeHyukဆိုသည့်အကိုတစ်ယောက်ရှိသည်။
DoYoung ရဲ့အစ်ကိုနဲ့ MiHyun ရဲ့အစ်ကိုကလဲ လည်ပင်းဖက်ပေါင်းကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြပြန်သည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now