Part 11

36 4 2
                                    

''အား..ကျွတ်စ် ကျွတ်စ် ခေါင်းကိုက်လိုက်တာ"DoYoungတစ်ယောက် ညကသောက်ခဲ့တဲ့ဒဏ်တွေက မနက်အိပ်ရာနိုးချိန်မှာ ဒုက္ခအပေးခံရလေသည်။
ထို့အပြင် ဟိုးအတိတ်ရဲ့အရိပ်တွေကို အိပ်မက်အဖြစ်ပြန်လည်မြင်မက်လိုက်ရသည်ကြောင့် လူကပို၍ပင်ခံစားရခက်နေရသည်။

DoYoungလှဲနေရာကနေထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကိုကြည့်မိတော့ သူအိပ်နေတဲ့နေရာက သူတို့အိမ်အောက်ထပ်ကဧည့်ခန်းမှာဖြစ်နေသည်။
သူ့ဘေးမှာက Jjeong Jjeongအိပ်နေပြီး ဆိုဖာပေါ်လှမ်းကြည့်တော့ Miလေးကလဲအိပ်နေဆဲ...
သူနဲ့Jjeong Jjeongကတော့ ကော်ဇောပေါ်မှာမူးမူးနဲ့အိပ်ခဲ့ကြတာဖြစ်မည်ထင်ရဲ့...

မနေ့ညက DoYoungစိတ်ရှုပ်နေတာမို့ သူငယ်ချင်းနှစ်ယောက်ကိုပါ အရက်သောက်ဖို့ အဖော်စပ်ခဲ့ရာကနေ အိပ်ခန်းထဲတောင်မဝင်အိပ်နိုင်ဘဲ နေရာမှာတင် မှောက်ကုန်ကြတာဖြစ်မည်။
ဧည့်ခန်းရဲ့မှန်စားပွဲပေါ်မှာလဲ ဘီယာဘူးခွံတွေ၊ဝိုင်ပုလင်းခွံတွေ၊စားလက်စအမြည်းတွေရော ရှုပ်ယှက်ခတ်နေရောပါပဲ...

DoYoung ထိုသို့ထိုင်ရင်း စိတ်နဲ့လူနဲ့ကပ်အောင်ကြိုးစားနေရစဥ် ခြံရှေ့က ကားဟွန်းတီးသံကိုကြားလိုက်ရပြီးမကြာလိုက်..အိမ်ထဲသို့ဝင်လာတဲ့ခြေသံတွေကိုပါကြားလိုက်ရသည်။
အိမ်ပေါက်ဝကိုလှမ်းကြည့်မိတော့ ဝင်လာသူက JunKyu Hyungနဲ့JaeHyuk Hyungဖြစ်သည်။

JunKyuနဲ့JaeHyukတို့မှာ အိမ်ထဲကိုဝင်လိုက်မိလေလျှင် ရှုပ်ပွထနေသောဧည့်ခန်းနဲ့စားသောက်ထားတဲ့အမှိုက်တွေကိုဦးစွာမြင်လိုက်ရလေသည်။
ကြည့်ရတာ သူငယ်ချင်းသုံးယောက်သား ညကအကြိုက်ကဲထားကြပုံရကာ အခုထိတုတ်တုတ်တောင်မလှုပ်ဘဲအိပ်နေတဲ့JeongWooနဲ့MiHyunရယ် နိုးနေသော်လည်း အိပ်မှုန်စုံမွှားဖြစ်ကာ အရက်နာကျနေတဲ့DoYoungကြောင့် JunKyuမှာသက်ပြင်းအသာချရသည်။
အကိုလုပ်သူကတော့ လိုင်းပေါ်ပလူပျံနေတဲ့ ညီဖြစ်သူရဲ့Dating Newsကြောင့် စိတ်ပူပြီးလာခဲ့တာ...ကာယကံရှင်ကတော့ မူးကွဲနေအောင်သောက်ထားပြီး အခုထိလိုင်းပေါ်ဘာဖြစ်လို့ဖြစ်နေလဲတောင်သိပုံမပေါ်ပေ။
JunKyuသတင်းတွေ့တွေ့ချင်းပဲ DoDoလေးဆီလာလိုက်တာဖြစ်ပြီး JaeHyukနဲ့ကတော့ ခြံရှေ့ရောက်မှဆုံတာဖြစ်သည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now