Part 12

32 3 0
                                    

JungHwanအခုချိန်ဆို Youngဘယ်လိုနေမလဲဆိုတာတွေးနေမိသည်။
သေချာတာကတော့ သူလေး စိတ်ရှုပ်နေလောက်မယ်ထင်တယ် ။
သူကလဲသူပဲလေ လုပ်ချင်တာလျှောက်လုပ်ပစ်တာကို...
သူလုပ်ထားတာတွေက သူနဲ့Youngရဲ့မနေ့ညနေတွေ့ကြတုန်းကတည်းက JiHoon Hyungကိုလိုက်ရိုက်ခိုင်းထားတာဖြစ်ပြီး ထိုသတင်းတင်တဲ့pageကိုလဲ သူကိုယ်တိုင်ပုံတွေနဲ့တကွ သတင်းပေးခဲ့တာဖြစ်သည်။
အဟင်း..အဲ့သတင်းတက်လာတော့ အောက်မှာတောင် commentတစ်ခုသွားရေးလိုက်သေးသည်လေ။
'အဟက်..'အတွေးနဲ့တင်ကျေနပ်ရုံမကဘဲ အပြင်မှာပါ အသံထွက်ရယ်လိုက်မိသည်။

သူ့အတွေးနဲ့သူရှိနေတုန်းမှာပဲ ရုံးခန်းတံခါးပွင့်လာကာ ဝင်လာတဲ့မိန်းကလေးတစ်ယောက်...
သူမက ဝင်ခွင့်တောင်းခြင်းဘာခြင်းမရှိဘဲ ဝင်ချလာတာကို JungHwanသဘောမကျပေမဲ့ အလယ်တန်းကတည်းကပေါင်းလာတဲ့ငယ်ပေါင်းမို့ ဘာမှမပြောဘဲ မျက်ခုံးတစ်ချက်ကြုံ့ကာကြည့်လိုက်ပြီး LapTop Screen ကိုသာပြန်ကြည့်နေလိုက်သည်။

SooIn မှာ မနက်အစောကတည်းက ပွထနေတဲ့Hwanနဲ့ဟို Modelကောင်ရဲ့Dating Newsကြောင့် သူမဒေါသတွေထွက်နေခဲ့ရသည်။
ထိုModel Samက သူမစိတ်ထဲ Kim DoYoungနဲ့တူနေသလိုခံစားရသည်။
ပြီးတော့ commentတွေထဲက pinထိုးထားတဲ့Hwanရဲ့commentကြောင့် သူမစိတ်ထဲစိုးရိမ်ရေအမှတ်တိုးလာရသည်။
Hwanရေးထားတဲ့'ဟုတ်ပါတယ်'ဆိုတာက ဘာကိုပြောတာလဲဆိုတာ သေချာသိရမှဖြစ်မှာမို့ သူမ Hwanရုံးခန်းဆီထွက်လာခဲ့လိုက်တာဖြစ်သည်။
ရောက်တော့ ကိုယ့်ကိုတစ်ချက်သာကြည့်ပြီး သူ့laptopသူပြန်ကြည့်နေတဲ့Hwanအနားသွားလိုက်တော့ LapTop Screenမှာမြင်လိုက်ရတာက Model ကောင်နဲ့Dating News....

"Hwan...အဲ့သတင်းကတကယ်လား နင်ဝင်ရေးထားတဲ့commentကရောဘာလဲ ဟမ်..Hwan"

"ကျစ်...ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်မဟုတ်ဘူးလား SooIn"

''အေး..အေးပါ..JungHwan ငါမေးတာဖြေအုံးလေ ဘာတွေလဲလို့"

''ဟုတ်တယ်ဟာ သူနဲ့ငါတွေ့ကြတယ် စကားပြောကြတယ် ပြီးတော့..."

''ပြီးတော့ ဘာဖြစ်လဲ"

''ငါသူ့ကိုချစ်ရေးဆိုလိုက်တယ် ငါသူ့ကိုချစ်သွားမိပြီ SooIn"
ကြားလိုက်ရတဲ့အဖြေဟာ သူမအတွက် အဖြေကာင်းမဟုတ်ခဲ့။
ဒီလောက်ထိ Hwanဘေးမှာအနီးကပ်ရှိနေခဲ့တဲ့ သူမကိုကျတော့ Hwanကမမြင်ခဲ့ဘူးလား..
အဲ့ဒီနောက် JungHwanဆက်ပြောလိုက်တဲ့စကားကြားအပြီးမှာတော့ သူမစိတ်တွေမတည်ငြိမ်နိုင်တော့ဘဲ ရုံးခန်းထဲကထွက်လာလိုက်သည်။

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now