Part 5

46 6 0
                                    

''Marian shi..Samပုခုံးပေါ်လက်လေးတင်လိုက်ပါ ဟုတ်ပြီ အဲ့တိုင်းလေးနေ 1,2,3 okရပြီ နောက်တစ်မျိုး ok "DoYoungတို့ Photo shootingရိုက်နေကြခြင်းဖြစ်ကာ DoYoungရော Miလေးရော ကအမိုက်စားပို့စ်တွေဖြင့် ပုံကောင်းလေးတွေရအောင်ကြိုးစားရိုက်ကူးနေကြသည်။
နာမည်ကြီးမော်ဒယ်လ်တွေမို့ ပြောစရာမလိုလောက်အောင်ကို ပို့စ်တွေကအလန်းစားတွေချည်းမို့ ရိုက်ကူးရေးကလုံးဝကိုအဆင်ပြေချောမွေ့နေသည်။
ထိုအထဲတွင် အဆင်မပြေဖြစ်နေသည့်လူတစ်ယောက်လဲရှိနေသည်။
ထိုသူမှာ ရိုက်ကူးရေးကိုလာကြည့်နေတဲ့ CEO ကြီး So JungHwanပင်ဖြစ်သည်။

JungHwan ဒီနေ့ DoYoungတို့ရိုက်ကူးရေးစတာမို့ တကူးတကလာကြည့်နေဖြစ်သည်။
နှစ်ယောက်လုံးက ပို့စ်ပေါင်းစုံပေးကာ ရိုက်ကူးရေးက အဆင်ပြေနေပါသော်လည်း JungHwanစိတ်ထဲ တစ်ခုခုကိုအလိုမကျသလိုကြီးဖြစ်နေသည်။
'ဘာလို့ DoYoungနဲ့ အတင်းကပ်နေတာလဲ အဲ့မိန်းမက ကျစ်!
DoYoungကလဲ ခါးကိုသွားဖက်လိုက်သေးတယ် ဟူး...'တစ်ယောက်ထဲအတွေးပေါင်းစုံဖြင့်ပူလောင်နေလေကာ အူတိုနေတော့သည်။
ဟုတ်ပါသည်...သူ Kim DoYoung ကိုသဘောကျမိသွားခဲ့တာ ပြန်တွေ့တွေ့ချင်းနေ့ကတည်းကဖြစ်သည်။
အရင်နဲ့လုံးဝမတူဘဲ ပြောင်းလဲသွားပြီး လှရက်လွန်းနေတဲ့ ဒီကောင်လေးက သူ့အတွေးတွေကိုစိုးမိုးလွန်းသူဖြစ်လာကာ သူ့နှလုံးသားကိုပါအပိုင်သိမ်းသွားခဲ့တာ...
ကိုယ်ကချစ်နေမိပြီဆိုတော့ အခုလို ကိုယခွစှတွဲ့သူနဲ့ကိုယမွဟုတတွဲ့အခှားတဈယောကနွဲ့တဲှဲမှငနွရတော ခံစားရအလွန်ခက်သည်။

"ကဲ..ဒီနေ့တော့ ဒီလောက်နဲ့ရပ်ကြစို့...
မနက်ဖြန်မှ အခြားဝတ်စုံတွေနဲ့ဆက်ရိုက်ကြတာပေါ့"ဟု ဓာတ်ပုံဆရာကပြောလာတော့ အားလုံးက သိမ်းစရာရှိတာသိမ်းရင်းပြန်ဖို့ပြင်ကြတော့ည်။
DoYoungနဲ့Miလေးလဲ ရပ်စောင့်ပေးနေတဲ့ JeongWooနဲ့ DoYoungရဲ့ မိတ်ကပ်ဆရာမာမီအနားသွားလိုက်တော့ JeongWooက

"မောသွားကြပြီလား ရော့ ရေလေးသောက်လိုက်အုံး"ဆိုကာ နှစ်ယောက်လုံးဆီ ရေဘူးကမ်းပေးလာသည်။
DoYoungတို့လဲ ရေဘူးတွေယူကာ သောက်လိုက်ကြပြီးမှ

"ပြန်ကြမယ်လေ ငါဗိုက်ဆာနေပြီ Miလေး ငါတို့အိမ်လိုက်အုံးမှာမလား "-DoYoung

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now