Part 4

49 6 0
                                    

DoYoungတို့ကားလေး ခြံရှေ့ရပ်လိုက်တာနဲ့ ခြံစောင့်ကောင်လေးက အပြေးလာဖွင့်ပေးသည်။
DoYoungရယ်JeongWooရယ်က အိမ်သီးသန့်ဖြင့်နှစ်ယောက်သားအတူနေကြသည်လေ။

"အကိုလေးတို့ အိမ်ထဲမှာမမလေးMarianရောက်နေပါတယ်"

''ဟုတ်လား အေးအေး မင်းလုပ်စရာရှိတာဆက်လုပ်"

''ဟုတ်ကဲ့ ''ဆိုကာ ခြံစောင့်ကောင်လေးထွက်သွားလျှင် JeongWooက

''အဲ့ကောင်မလေးအကြားအမြင်များရနေလားမသိဘူး"ကားပေါ်မှာနှစ်ယောက်သား အိမ်ရောက်တဲ့အခါ Marian ကိုဖုန်းဆက်ဖို့တိုင်ပင်လာကြသေးတာ အခုတော့ကိုယ်တွေထက်အရင် သူကအိမ်ရောက်နေသည်တဲ့။

"လာပါ အိမ်ထဲဝင်ရအောင်"နှစ်ယောက်သားအိမ်ထဲသို့ဝင်လျှင်ဝင်ခြင်း မုန့်ထုပ်တွေစားပွဲပေါ်တင်လို့ TVထိုင်ကြည့်နေလေတဲ့သူငယ်ချင်းမလေးကိုတွေ့လိုက်ရသည်။

"Miလေး..ရောက်တာကြာပြီလား"-JeongWoo

''Hey..Bros,ဘယ်တွေသွားနေကြတာလဲ ငါလာတော့နင်တို့မရှိဘူး ခြံစောင့်လေးကိုမေးတော့လဲ အပြင်သွားတယ်ပဲပြောတယ် စောင့်နေတာကြာပြီ ပဲခေါက်ဆွဲတွေတောင်ပွနေတော့မယ် ငါကနင်တို့နဲ့နေ့လည်စာအတူစားမလို့ အကုန်ဝယ်လာတာကို ''-Marian

"ငါတို့လဲနေ့လည်စာမစားရသေးတော့ အတော်ပဲ ကဲ အရင်စားကြရအောင် ပြီးမှအေးဆေးစကားပြောကြတာပေါ့"-DoYoung

''ok,ငါ ရေခဲမုန့်ဘူးတွေလဲဝယ်လာသေးတယ် ရေခဲသေတ္တာထဲထည့်ထားတယ် Cola ရောပဲ
ပြီးမှ ကြက်ကြော်စားရင်းသောက်တာပေါ့"-Marian
သူငယ်ချင်းသုံးယောက်သား စားပြီးသောက်ပြီးလို့ ရေခဲမုန့်တစ်ယောက်တစ်ဘူးစီဖြင့်အချိုတည်းနေကြတုန်း DoYoung မှစကားစလိုက်သည်။

"Miလေး..နင်နောက်အပတ်အားလား "

''နောက်အပတ်မှမဟုတ်ဘူး ဒီတစ်လလုံးငါအားတယ် ဘာလို့လဲ "

''နောက်အပတ်ငါFashion Company တစ်ခုအတွက် Photo shootingတစ်ခုရိုက်ရဖို့ရှိတာ အဲ့ဒါနင်ကငါ့တွဲဖက်လုပ်ပေး"

'' အဲ့ကုမ္ပဏီကလက်ခံလို့လား"

''အင်း သူတို့ကModel Girlမရွေးရသေးတော့ ငါကနင်နဲ့ဆိုရမလားဆိုတော့ သူတို့ကအဆင်ပြေတယ်တဲ့လေ ဘယ်လိုလဲ''

You're the one who changed me(HwanYoung/DoHwan Version)Opowieści tętniące życiem. Odkryj je teraz