Part 10

30 3 0
                                    

မိသားစုစုံညီစွာ ညစာစားနေရပေမဲ့ DoYoungမှာ Diaryစာအုပ်ပျောက်နေတာကြောင့် စိတ်တွေရှုပ်ထွေးနေကာ ညစာတောင်ကောင်းကောင်းမစားနိုင်ဘဲ လူကရင်ခံသလိုလိုဖြစ်နေသည်မို့ ဟိုတို့တိ ဒီတို့တိသာစားနေမိသည်။

JunKyuမိမိရှေ့ကထမင်းသိပ်မစားဘဲ ဟိုနည်းနည်း ဒီနည်းနည်းသာစားနေတဲ့ ညီဖြစ်သူကိုကြည့်နေရင်းနဲ့ ဖေဖေ့ဘက်လှည့်ကြည့်တော့ ဖေဖေလဲသတိထားမိတယ်ထင်ပါ့ သူ့ကို ဘာဖြစ်လို့လဲ လို့ မျက်ခုံးပင့်ပြရင်း အသံတိတ်မေးလာသည်။
JunKyu ဖေဖေ့ကို ခေါင်းအသာယမ်းပြလိုက်ပြီး မသိကြောင်းပြတော့ ဖေဖေကသက်ပြင်းအသာချသည် ပြီးမှ

"သားငယ်လေး..သားနေမကောင်းဘူးလား "

''ဗျာ..ဖေဖေ ဘာမေးလိုက်တာလဲ"DoYoungမှာပျောက်နေတဲ့Diaryဆီပဲစိတ်ရောက်နေတာမို့ ဖေဖေဘာမေးလိုက်မှန်းအမှန်ပင်မကြားလိုက်ပါ။

"နေမကောင်းဘူးလားလို့မေးနေတာ သားဘာဖြစ်နေတာလဲ ထမင်းလဲသိပ်မစားဘူး ဟင်းမကြိုက်လို့လား သားငယ်"

''အာ..သားနေကောင်းပါတယ် ဖေဖေ သားညနေကမုန့်တွေအစားလွန်ပြီး ရင်ပြည့်သလိုဖြစ်နေလို့ပါ"

"ငါ့ညီကတော့ ဖြစ်ရမယ် မစားနိုင်ရင်လဲထားခဲ့လိုက်တော့ သွားနားချည်တော့ စာလုပ်စရာရောရှိသေးလား "

''ထမင်းမစားခင်ကတည်းက လုပ်ပြီးပြီ ကိုကြီး"

''အေး အေး ဆေးသောက်အုံး ကြားလား "

''ဟုတ်ကဲ့ ကိုကြီး ဒါဆိုသားအရင်ထနှင့်မယ်နော်"

ဖေဖေကခေါင်းငြှိမ့်ပြကာ ကိုကြီးကတော့ ဆေးသောက်ဖို့မမေ့နဲ့လို့ထပ်မှာသေးသည်။
DoYoung အိမ်ပေါ်ထပ်ကအိပ်ခန်းထဲဝင်ပြီးတာနဲ့ ကုတင်ပေါ်လှဲချပစ်လိုက်သည်။
လူကစိတ်ရှုပ်မှုများလာတာနဲ့အမျှ mind pressure ကြောင့် မအိပ်ငိုက်ပါဘဲ မျက်ခွံတွေကမှေးစင်းကျလာကာ လူကအသိစိတ်လွတ်သွားပြီး အိပ်ပျော်သွားတော့သည်။
........................................................................
{အရမ်းချစ်တယ် Hwan...
Hwanကိုသိပ်ကိုချစ်တာပါ မဖြစ်နိုင်မှန်းသိနေပေမဲ့လဲ ချစ်နေမိတာ ငါမှားလား Hwan
အရင်ကထက် ပိုရင်းနှီးလာတဲ့ Hwanနဲ့ဆက်ဆံရေးကို ငါအရမ်းသဘောကျတာပဲသိလား
ပြန်မချစ်နိင်မှန်းသိပေမဲ့ အနားမှာအခုလိုလေးနေခွင့်ရတာကိုပဲ ကျေနပ်တယ်Hwan....}

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now