Part 13

38 4 0
                                    

DoYoungတို့ဧည့်ခန်းတွင် အပ်ကျသံပင်ကြားရလောက်အောင်ကိုတိတ်ဆိတ်နေသည်။
တစ်ယောက်ကိုတစ်ယောက်ကြည့်သာကြည့်နေပြီး စကားတစ်ခွန်းမှမဆိုကြ။
နောက်ဆုံး DoYoungကပဲ စကားစပြောရသည်။

"ဘာကိစ္စရှိလို့ ငါ့အိမ်ထိရောက်လာရတာလဲ Go SooIn Shi''

''Kim DoYoung နင်အရှက်ကိုမရှိဘူးနော်"

''ငါက???"DoYoungမိမိကိုယ်ကို လက်ညှိုးပြန်ထိုးရင်းပြောလိုက်သည်။

"ဟုတ်တယ်လေ Hwanကနင့်ကိုမကြိုက်ပါဘူးလို့ငြင်းပြီးသားကို နင်ကပြန်ကပ်နေတာလေ
နာမည်ကြီးမော်ဒယ်လ်ဖြစ်ပြီးတော့...အေးလေ အခြောက်ဆိုတော့လဲ ...အဟင်း"

''အဟက်!!''DoYoung မထိန်းနိုင်တော့လို့ အသံပင်ထွက်ရယ်လိုက်မိသည် ဘယ်လိုဟာသမျိုးပါလိမ့်?

''ဘာရယ်တာလဲ Kim DoYoung ''

''အဟင်း..sorry..မင်းပြောနေတာတွေကလေ ပြောင်းပြန်တွေဖြစ်နေသလားလို့...ငါကပဲအတင်းတွေကပ်နေတာလား မင်းလူကပဲငါ့အပေါ်ပိုးစိုးပက်စက်ကြွေနေတာလား ဆိုတာသေချာပြန်စဥ်းစားလိုက်အုံး နောက်ပြီး ငါ့ကိုအခြောက်လို့ပြောလိုက်တယ်နော် ဒါဆို အဲ့အခြောက်ကိုမှ ချစ်ရေးဆိုပြီး ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ မင်းရဲ့Hwanကရော အခြောက်မဟုတ်ဘူးလား ပြော.."

"နင်သာ ရုပ်ကလေးဗန်းပြပြီး မမြှူစွယ်ရင် Hwanကနင့်လိုကောင်ကိုလှည့်တောင်မကြည့်ဘူး အဲ့ဒါနင်သိလား
ဒီလောက်ထိ Hwanနဲ့ငါ့ကို သူ့အမေကိုယ်တိုင်ကသဘောတူထားပါတယ်လို့ ပြောထားတာတောင်နင်စောက်မှတ်မရှိ လိုက်ကပ်နေသေးတာလေ
စိတ်ပျက်စရာကောင်းလိုက်တာဆိုတာ..."

''သူ့အမေသဘောတူပေးထားပါတယ်လို့ပြောတယ်နော်.."

''အေးလေ..ဟိုးအလယ်တန်းလောက်ကတည်းကငါတို့ကိုသဘောတူပေးထားတာ"

''ဒါဆို တစ်ခုလောက်မေးမယ်နော်...
မင်းကိုSo JungHwanက ချစ်တယ်လို့် ပြောဖူးလို့လား ဟင်...ဖြေလေ "

''ဒါ..ဒါပေမဲ့ သူ့အမေ..."

''သူ့အမေသဘောတူထားပါတယ်သာ မင်းတွင်တွင်ပြောနေတာ ဒါဆိုပြလေ မင်းတို့ရဲ့စေ့စပ်လက်စွပ်..ဘယ်မှာလဲ "

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now