နေ့လည်၁၁နာရီကခွဲလို့နေပြီ...ထမင်းစားကျောင်းဆင်းခေါင်းလောင်ကလဲထိုးပြီ သို့သော် English Teacherကမထွက်သေးတာကြောင့် JeongWooတို့တွေဗိုက်ဆာလွန်း၍အူလိမ်နေပါသော်လည်း စာလိုက်ကြည့်နေရဆဲ...
''ဒီနေ့တော့ ဒီလောက်ပါပဲ ထမင်းစားဆင်းနိုင်ပါပြီ Good afternoon, class''
''Good afternoon, Teacher''
ဆရာမကပြုံးကာ အခန်းပြင်ထွက်မည်ပြုပြီးမှ
''အဲ..မေ့တော့မလို့"ဟုဆိုကာ ပြန်လှည့်လာခဲ့လျှင် ကြွနေတဲ့ဖင်လေးတွေကိုခုံမှာပြန်ကပ်လို့ ကန်တင်းသို့ပြေးရန် အရှိန်တင်ထားသမျှကို ဘရိတ်အုပ်ကြရပြန်သည်။"အခုချိန် အိမ်စာမထပ်လိုက်နိုင်တဲ့သူတွေ..
ညနေTeacherအချိန်ပါသေးတယ်မလား အဲ့အချိန် ကျန်နေတဲ့စာအုပ်တွေလိုချင်တယ်နော်
စာအုပ်အရေအတွက်စစ်လို့မပြည့်ရင် မထပ်တဲ့ကောင်တွေထိုင်ထ ၅၀လုပ်ရမယ် ကြားလား"''Nae...''All students
ထိုအခါမှ ဆရာမကခေါင်းငြှိမ့်ပြကာ ထွက်သွားလေသည်။''Shit!..သေတော့မှာပဲ "JungHwanငြီးငြူလိုက်မိသည်။
သူမှအိမ်စာတွေမပြီးသေးတာကို ရေးရမှာတွေက တပုံတခေါင်းကြီး ထပ်ရမှာက ညနေ...
ဒီနေ့မှ ဘောပွဲချိန်းကန်ဖို့ရှိနေတာ တန်းခွဲ(C)ကကောင်တွေနဲ့
JungHwanဘေးကHarutoဘက်လှည့်လိုက်ပြီး"ဟေ့ကောင်.. မင်းရော ရေးဖို့ဘယ်လောက်ကျန်သေးလဲ"-JungHwan
''ငါကပြီးသွားပြီ ညနေအချိန်ကျထပ်လိုက်ရုံပဲ
မင်းရော"-Haruto''ငါက စကိုမရေးရသေးတာ-JungHwan
''အေး ကောင်းရော ရေးရမှာကနည်းတာမဟုတ်ဘူး မင်းညနေအမှီပြီးဖို့က အခုနေစရေးလိုက်ရင်တောင် မဖြစ်နိုင်လောက်ဘူး အဲ့တော့ ထိုင်ထသာလုပ်လိုက်တော့"-Haruto
''ကျစ်.."JungHwanစိတ်ရှုပ်စွာဆံပင်တွေကိုဆွဲဖွလိုက်ပြီး စုပ်တစ်ချက်သပ်လိုက်သည်။
ထိုစဉ် အနောက်ဖက်ဆီမှ သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကိုကြိတ်ကြိုက်နေပါတဲ့ ဝတုတ်ကောင်Kim DoYoungDoYoung အရှေ့က Hwanနဲ့သူ့သူငယ်ချင်းတို့ပြောနေတာတွေကိုကြားလိုက်တာမို့ သူHwanကိုကူညီချင်မိသည်။
ဒါကြောင့် သူခေါ်လိုက်တော့ Hwan ကလှည့်ကြည့်လာသည်။
YOU ARE READING
You're the one who changed me(HwanYoung/DoHwan Version)
FanfictionJust my imagination!So,don't blame my idols.(Burmese not english)