Part 14

37 4 0
                                    

DoYoungဒီနေ့တော့ Shooting လာဖြစ်သည်။
အမှန်ဆိုမနေ့ကတည်းက shooting နောက်ဆုံး ရက်ဖြစ်သော်လည်း မနေ့ကတစ်နေကုန်အရှုပ်ပေါင်းသောင်းခြောက်ထောင်တွေဖြစ်ခဲ့သည့်အပြင် ကိုယ်ကိုယ်တိုင်ကလဲ အရက်နာကျနေခဲ့တာကြောင့် shooting ပျက်ခဲ့ရသည်မလား။
ဒါကြောင့် ဒီနေ့ကိုအပြီးရိုက်ဖို့ထွက်လာလိုက်တာဖြစ်သည်။
ဒီShootingပြီးရင်တော့ DoYoung So Group နဲ့လက်တွဲဖြုတ်ဖို့စဥ်းစားထားသည်။
လျော်ကြေးပေးရမယ်ဆိုလဲပေးလိုက်မည်..ဒါမှသာ So JungHwanနဲ့ထပ်မဆုံရတော့မှာမလား။

Shooting ရောက်တော့ Staffတွေအားလုံးကသူ့ကိုပြုံးစိစိကြည့်နေကာ တိုးတိုးနဲ့ပြောနေကြသေးသည်။
မနေ့ကသတင်းကိုသိပြီးလို့ ခုလိုတွေဖြစ်နေတာကိုသိတာမို့ အာရုံလိုက်စိုက်မနေတော့ဘဲ Director ဆီသာတန်းသွားလိုက်သည်။

"ကိုယ်ရောက်ပြီ... Director nim''

''Sam shi..ရောက်လာပြီလား ဒါဆိုခနဗျာ..ကျွန်တော်တို့settingလေးပြင်လိုက်အုံးမယ် Sam Shiကဝတ်ရမဲ့ဝတ်စုံလေးဝတ်ပြီး အဆင်သင့်စောင့်နေပေးပါလား ဝတ်စုံကိုSam ရဲ့Stylistဆီပေးထားပြီးပြီဗျ ပြီးရင်ခေါ်ခိုင်းလိုက်ပါ့မယ်"

''ကောင်းပါပြီ"DoYoung လဲDirectorကိုနှုတ်ဆက်ပြီး အဝတ်လဲခန်းထဲသွားလိုက်သည်။
အထဲရောက်တော့ Stylistပေးတဲ့ ဝတ်စုံကိုလဲဝတ်လိုက်ပြီး မာမီက Make Upအနည်းငယ်onပေးတာကိုသာမျက်လုံးအသာမှတ်လို့ငြိမ်ခံနေလိုက်ရင်း

"ဟော..Miလေးရောက်ပြီလား"ဆိုသည့် ဘေးနားကJjeong Jjeong အသံကြောင့် Miလေးဝင်လာတာမှန်းသိလိုက်သည်။

"အေးဟေ့..အမှန်ဆိုငါဒီထက်စောတယ်.. လမ်းမှာ ကားဘီးပေါက်သွားလို့ဟယ် အဲ့ဒါကြောင့်...ဟူး..
မာမီ... DoYoungieကိုပြင်ပေးပြီးရင် သမီးကိုနည်းနည်းလုပ်ပေးပါအုံး မာမီရယ် "

"ကောင်းပါပြီရှင်.. မာမီလုပ်ပေးမယ်နော် ခနလေး သမီးလေး"

''နင့်ကိုပြောပေါင်းလဲများနေပြီကို Make Upအတွက်ရော အကူအနေနဲ့ရော လူဌားလိုက်ပါတော့ဆိုတာကို အခုထိပေကပ်နေတုန်းနော်"Make upပြင်ပြီးသွားတဲ့DoYoungက Miလေးကိုကြည့်ကာပြောလိုက်တော့

"ဌားနိုင်ပါဘူး ဌားရင်ပိုက်ဆံပိုကုန်နေမှာပေါ့"

''ဟော..."DoYoungဘာပြန်ပြောရမှန်းတောင်မသိတော့..မသိရင်ပဲ မွဲနေတဲ့ပုံနဲ့ပြောချလိုက်တဲ့Yoon MiHyunက သူကိုင်လာတဲ့Gucci အိတ်လေးကို မှန်တင်ခုံပေါ်တင်လိုက်သေးသည်။
ပြီးမှ DoYoung မိတ်ကပ်မာမီရဲ့မိတ်ကပ်ပြင်ပေးတာကိုခံယူနေသည်။
ဪ...တော်တော်သနားစရာလေး...

You're the one who changed me(HwanYoung/DoHwan Version)Where stories live. Discover now