ကမ္ဘာဦးအစကတည်းက ဖန်ဆင်းရှင်က အာဒံရဲ့နံရိုးတစ်ချောင်းကိုဧဝလို့သတ်မှတ်ခဲ့ရင် ကျွန်တော့ရဲ့နံရိုးတစ်ချောင်းက ကျွန်တော်မြတ်နိုးရပါသော ကျန့်အာပဲ
.
.
.
.
.
ယွီကန်ဒေသ မြို့ပြလေးတစ်ခုမှာ သာမန်အခြေခံလူတန်းစားတွေနေထိုင်တဲ့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုရှိတယ် ထိုရပ်ကွက်လေးနဲ့မနီးမဝေးမှာ ညစျေးတန်းလေးတစ်ခုလဲရှိတယ် ထိုညစျေးတန်းလေးရဲ့လမ်းကြိုလမ်းကြားလေးထဲ ညနေခင်းတိုင်းစက်ဘီးပါတ်စီးတတ်တဲ့ ကိုးနှစ် ဆယ်နှစ်အရွယ် ကလေးတစ်သိုက်လဲရှိသေးသည်ဒီကလေးတွေ ညနေခင်းစျေးဖွင့်ခါနီးဆိုစက်ဘီးပါတ်စီးလွန်းလို့ စျေးဆိုင်ခင်းကြတဲ့ သူတစ်ချို့ကအော်လို့အော် မောင်းထုတ်တဲ့သူကထုတ် တစ်ချို့ဆိုမပြောနိုင်တော့လို့ လွှတ်ထားလိုက်တော့သည် ဒါပေမယ့်လဲ ဒီကလေးတစ်သိုက်ကတော့အော်နေ ဆူနေတာကိုအာရုံပင်မလာ ပြုံးပျော်ပြီးတော့ကိုစက်ဘီးပြိုင်နင်းနေကြတာ
"ကျိုးချန်...မင်းနိုင်အောင်နင်းလေ ကျန်ခဲ့ပြီ ဟားးဟားးဟားး ကရော်ကရော်"
ကိုယ်တိုင်စက်ဘီးမစီးတတ်ပါဘဲ သူများနောက်ကလိုက်စီးပြီး စက်ဘီးနင်းနေတဲ့သူတွေကိုလှောင်နေတဲ့ကောင်လေး သူနာမည်ကရှောင်းကျန့်
"မင်းငါ့ကိုလှောင်နေသေးတယ် မင်းလာနင်းလေလာ ပြိုင်မယ် ငါအကြောပေးမယ်"
သူငယ်ချင်းတွေထဲမှာ အနေအအေးဆုံးနဲ့ သူတို့စနောက်သမျှအခံရဆုံးဝမ်ကျိုးချန်
"ငါ့မှာအိပေါ်ရှိတယ် ငါလာနင်းရင်ခြေထောက်ညောင်းမှာစိုးလို့ အိပေါ်ကပေးမနင်းတာ ဟုတ်တယ်နော် အိပေါ်"
နှုတ်ခမ်းတစ်ထော်ထော်နဲ့ရန်ပြန်တွေ့နေသောသူကိုခေါင်းလေးစောင့်ငဲဲ့ကြည့်ကာ ပြုံးပြလိုက်သည်
"ဟုတ်တယ် ကျန့်အာ ခြေထောက်ညောင်းမှာစိုးလို့ ငါပေးမနင်းတာ ကျေနပ်ပြီလားကျန့်"
"မင်းကအကောင်းဆုံးပဲ"
လက်မလေးထောင်ကာ ကျေနပ်နေတဲ့သူကို အပြုံးလှလှလေးတွေအမြဲပြုံးပြတတ်တဲ့ကောင်လေးလဲရှိတယ်
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ