Friend 13

824 47 4
                                    

မနက်ခင်းကသာယာ​နေ​ပေမယ့် နှစ်​ယောက်​သောသူတို့ရဲ့ရင်ထဲမှာ​တော့ မိုးကအုံ့​နေတယ် ဖြစ်နိုင်ရင် အချိန်​တွေကိုခန​လောက်ရပ်ထားမိချင်ပါရဲ့ ကြိုသိထား​ပေမယ့် မခွဲနိုင်​သေးဘူး

အိ​ပေါ် အိမ်က​ပြေးထွက်လာ​တော့ ကျန့်အာတို့အိမ်မှာ မား​ရော ပါး​​ရော​ရောက်နှင့်​နေပြီ ​ရှောင်းအားရီနဲ့ ​ရှောင်းပါးက ချုံးချင့်ပြန်ကြ​တော့မယ့် ​နိုင်နိုင်းရဲ့အဝတ်စားထုပ်​တွေကိုကူပြင်​ပေးရင်း နှုတ်ဆက်​နေပြီး ကျန့်အာကိုလဲ တိုးတိုးနဲ့မှာ​နေတယ်

မားက​တော့ မ​နေ့ညကအိမ်မှာ​ ​ကြော်ထားတဲ့ ငါး​ခြောက်ကျွတ်​ကြော်​တွေရယ် နိုင်နိုင်းအတွက် ​​ဆေးလက်ဖက်ရည်တစ်ချို့ကို​ဖျော်ပြီး ဖန်ဘူးထဲထည့်​ပေး​နေသည် ကျန့်အာကိုလဲ လိမ်လိမ်မာမာ​နေဖို့ စာကြိုးစားဖို့မှာ​နေ​သေးသည်

အိ​ပေါ်အိမ်ထဲဝင်​တော့ ​အားရီကပြုံးပြလာပြီး နိုင်နိုင်းကဖက်ပြီးနှုတ်ဆက်တယ် စာကြိုးစားဖို့လဲမှာ​သေးတယ် အိ​ပေါ်​လေးက လိမ္မာပြီးသားမို့ တကူးတကမှာစရာမလိုပါဘူးတဲ့

တစ်ခြားသူ​တွေ​ပြော​နေကြတာကိုအိ​ပေါ်အာရုံလဲမရချင်ပါဘူး ဒါ​ပေမယ့် ယဥ်​ကျေးမှုအရ​တော့ ပြုံးပြလိုက်ပါ​သေးသည် သူအာရုံရ​နေတာတစ်ခုက ကျန့်အာမျက်နှာ​လေးမှာ

ကျန့်အာကြည့်ရတာ သူ့လိုပဲဝမ်းနည်း​နေသလို​ပေါ်တယ် သူ့ကိုမြင်​တော့​ရေး​ရေး​လေးပြုံးပြတယ် မျက်ဝန်း​လေး​တွေက​တော့ရဲလို့

သူကျန့်အာရှိတဲ့နားကိုသွားထိုင်​တော့ ကျန့်အာကသူ့လည်ပင်း​တွေက​နေဖက်လာတယ်

"အိ​ပေါ် ငါမြန်မြန်ပြန်လာမယ်​နော် ​စောင့်​နေ​မယ်မှတ်လား?"

အိ​ပေါ်လဲ ကျန့်အာ​ခေါင်း​လေးကိုပွတ်​ပေးလိုက်ပြီး ​အဆက်မပြတ်​ခေါင်းညိမ့်ပြ​တော့ ကျန့်အာကဖက်ထားရာက​နေ လွှတ်​ပြီး သူ့မျက်လုံး​တွေကိုကြည့်တယ်

"မ​စောင့်​နေရင် လက်သီးနဲ့ထိုးမှာ​နော် တစ်သက်လုံးလဲမ​ခေါ်​တော့ဘူး"

"ငါဘယ်တုန်းက ကျန့်အာစိတ်ညစ်​အောင်လုပ်ဖူးလို့လဲ ဟင် ငါလုပ်ဖူးလားကျန့်အာ"

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now