"ဟင့်အင်း မသွားဘူးနော် ဒီမှာပဲတက်မှာ ဒီမှာအိပေါ်လဲရှိတယ် ဒီမှာပဲတက်မှာလို့"
"အားကျန့် မဆိုးရဘူးလေ ကျောင်းကခနပဲသွားတက်ရမှာပါသားရယ် နိုင်နိုင်းတို့ကအကုန်စီစဥ်ပြီးပြီ"
"ဘာလို့သူများသဘောကိုမမေမေးပဲ ကိုယ့်ဘာသာစီစဥ်နေကြရတာလဲ သူများသဘောကိုမေးအုံးမှပေါ့"
"အားကျန့် နိုင်နိုင်းကိုစကားဘယ်လိုပြောနေတာလဲ"
"မား မားလဲတူတူပဲ ပါပါး သားမလိုက်ဘူးလို့ပြောပေးပါ ပါပါးရယ် လုပ်ပါအုံး ကျောင်းကဒီမှာလဲတက်လို့ရတာကိုလို့"
ကျန့်အာကအထက်တန်းပြီးပြီမို့နိုင်နိုင်းတို့ကသူတို့နေတဲ့ချုံးချင့်မှာ တက္ကသိုလ်လိုက်တက်ဖို့ပြောနေတာ ကျန့်အာတစ်ကယ်မလိုက်ချင်ဘူး သူယွီကန်မှာနေလာတာတာတစ်သက်ရှိပြီ တစ်ခြားတစ်နေရာကိုမသွားချင်ပါဘူး ပြီးတော့ အိပေါ်နဲ့လဲမခွဲနိုင်ဘူးလေ
"အားကျန့် လိမ်မာပါတယ် ဟိုမှာနိုင်နိုင်းတို့ကအဖော်မရှိဘူးလေ"
"အဖော်မရှိရင် ပါးနဲ့မားသွားနေပါ့လား အဲ့ဒါပါးရဲ့မားပဲလေ သူတို့ကျတော့သွားမနေဘဲနဲ့"
"အားကျန့်ပြောလေဆိုးလေပါလား ပါပါးကိုဘယ်လိုပြောနေလဲ"
"မသိဘူး မသွားချင်ဘူး မလိုက်ဘူး ဟွန့် ဘယ်သူမှလာမခေါ်နဲ့"
ခြေဆောင့်ကာထွက်သွားတဲ့သူကိုကြည့်ပြီး ရှောင်းဖွားဖွားလဲစိတ်မကောင်း သက်ပြင်းသာချမိသည် ကျန့်အာကတော့သူ့အခန်းတံခါးကို ဒုန်းခနဲမြည်အောင် ပိတ်ချလိုက်သည်လေ
"သမီးရယ် ကလေးကမလိုက်ချင်ပဲကို ထားလိုက်ပါ သူတို့လေးတွေကစဥ်းစားတတ်တဲ့ အရွယ်ရောက်နေပါပြီ"
"မားး သမီးက အားကျန့်လေးကိုစိတ်ငြိမ်စေချင်ရုံပါ မဖြစ်သင့်တာမဖြစ်စေချင်ရုံလေးပါ"
"အခုကရော ဘာတွေဖြစ်နေလို့လဲသမီးရယ် ကလေးတွေကငယ်သံယောဇဥ်ကြောင့် တစ်ယောက်နဲ့တစ်ယောက်အရမ်းခင်တွယ်နေကြတာပါ"
YOU ARE READING
Friend(သူငယ်ချင်း)♡Completed♡
Fanfictionအဲ့ဒီသူငယ်ချင်းဆိုတဲ့စည်းကြီးကိုဘယ်လိုကျော်ရရင်ကောင်းမလဲ