Friend 11

961 42 6
                                    

"ကျန့်ကိုချစ်တယ်"

ဖွင့်ဟဝန်ခံမှုနဲ့အတူပါးပြင်​ပေါ်ကျ​ရောက်လာတဲ့ ပူ​နွေး​နွေးအထိအ​​တွေ့​လေး​ကြောင့် ကျန့်အာ အာရုံ​ကြော​တွေအားလုံး လျှပ်စီးတစ်ခုဖြတ်သန်းသွားသလိုခံစားလိုက်ရသည် သူခန​တော့မှင်သက်​နေမိသည် အိ​ပေါ်ကိုမျက်လုံးအဝိုင်းသား​လေးနဲ့ပြန်​မော့ကြည့်မိ​တော့ အိ​ပေါ်က မျက်နှာထက်မှာအပြုံးချိုချို​လေးတစ်ခုချိတ်ဆွဲကာထပ်​ပြောလာတယ်

"ချစ်တယ်"

ကျန့်အာ မျက်​တောင်​လေး​တွေတစ်ဖြတ်ဖြတ်ခတ်သွားပြီး ​ခေါင်း​လေးငုံ့ကာ ရှက်ရဲရဲသွားတဲ့မျက်နှာ​လေးကို အိ​ပေါ်အမိအရကြည့်​နေမိသည်

"ဝိုးးးးးအရမ်းလိုက်တယ်​ဟေးးးးး"

"ချစ်စရာ​လေး​တွေ​ဟာ ဒီက​လေး​တွေကိုပဲဆု​ပေးလိုက်ကြပါ​တော့"

"ချစ်သူဖြစ်တာမကြာ​သေးဘူးထင်တယ် ရှက်​နေကြတာကြည့်ပါအုံး"

​ဘေးနားတစ်ဝိုက်က သူတို့နှစ်​ယောက်ကိုကြည့်ကာလက်ခုပ်တီးပြီး ​ပြော​နေကြတဲ့အသံ​တွေ​ကြောင့် ကျန့်အာ နဂိုရဲ​နေတဲ့မျက်နှာ​လေးက ပိုလို့​တောင်ရဲ​ဆွေးလာခဲ့သည် အိ​ပေါ်ကလဲ ​ထိုအသံများ​ကြောင့် အနေရခက်လာတာမို့ ဂုတ်ပိုးကိုလက်နဲ့ပွတ်​ပြီး​ခေါင်းငုံ​နေလိုက်သည်

"ရပြီ​နော်ညီ​လေးတို့ ​နာမည်​​တွေလာ​ပြော​ပေး​နော် နေ့လည် ၁၂နာရီကျ vote​စနစ်နဲ့​ရွေးပြီး​ကြေငြာ​ပေးမယ်​ ကံ​ကောင်းပါ​စေ"

Camera menရဲ့အသံက အ​နေခက်​နေတဲ့သူတို့အတွက်​တော့ ကယ်တင်ရှင်တစ်ပါးလိုပဲ

"ဟုတ် ​​ကျေး..ကျေးဇူးတင်ပါတယ်"

နှစ်​ယောက်သား ​ကျေးဇူးတင်စကား​ပြောပြီးတာနဲ့ နာမည်​ပြောပြီး ထို​နေရာက​နေအမြန်​ပြေးထွက်ခဲ့ကြသည် အရှက်သည်း​နေတဲ့နှစ်​ယောက်က မျက်နှာချင်းဆိုင်မိတာနဲ့ ​ရှောင်​ပြေးဖို့လုပ်ရင်း နဖူးချင်းပါတိုက်မိတဲ့အထိ

တိုက်မိလို့နာသွားတဲ့နဖူး​လေးကိုကျန့်အာက သူ့လက်က​လေးနဲ့အသာပွတ်​နေသည်  အိ​ပေါ်လဲ နဖူး​ပေါ်ကကျန့်အာလက်က​လေးကိုအသာယူကာ သူ့လက်နဲ့နဖူးကိုပွတ်​ပေးလိုက်သည် ကျန့်အာက​တော့​ခေါင်း​​လေးငုံ့လို့ဒီအချိန်မှာ သူစိုးရိမ်​နေတာ ကျန့်အာသူ့ကိုစိတ်ဆိုးသွားမလားဆိုတာပဲ ကျန့်အာဘက်ကအငြင်းစကားမ​ပြော​ပေမယ့်လို့​ပေါ့

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now