Friend 7

898 42 2
                                    

"အိ​ပေါ် ငါတို့စက်ဘီးသွားစီးရ​အောင်​နော်"

သူငယ်ချင်း​တွေဆီ​လျှောက်လည်ပြီးပြန်လာတဲ့လမ်းမှာ ကျန့်အာက ​လေး​လေးပင်ပင်လမ်း​လျှောက်ရင်း​မှ အိ​ပေါ်လက်​မောင်း​လေးကိုကိုင်လှုပ်ကာပြောလာသည်

"ကျန့်ကသွားစီးချင်လို့လား ည​နေမှသွားမယ်​လေကွာ အခု​နေအရမ်းပူ​နေတယ် ​နော်"

"အင်းပါ ​ဟွန်းးးး"

"ကျန့် စိတ်ဆိုးသွားတာလားဟင်"

"အိ​​ပေါ် အားတိုင်းစိတ်ဆိုး​နေရ​အောင် ငါက​လေးမှမဟုတ်​တော့တာ ငါပျင်းလို့ပါ"

သူ့လက်​မောင်းကိုဖက်တွယ်ထားတဲ့လက်က​လေး​​တွေကိုလွှတ်လိုက်တဲ့ ကျန့်အာဆီသက်ပြင်းချသံ​လေးကြား​တော့ သူ့ကိုစိတ်ဆိုးသွားတယ်အထင်နဲ့ အိ​ပေါ် ပြာယာခပ်သွားရပြန်သည် ဒါ​ကြောင့်သူငယ်ချင်း​တွေက​ပြောတာ မင်းကအရမ်းပိုတယ်တဲ့ ​ပြောလဲမတတ်နိုင်ပါဘူး အိ​ပေါ်မှာ ဂရုစိုက်စရာဆိုလို့ ကျန့်အာတစ်​ယောက်တည်းရှိတာ​လေ

"အရမ်းပျင်း​နေတာလားကျန့်အာ"

နှုတ်ခမ်း​လေးကိုတစ်​တောင်​လောက်ထွက်​အောင်ဆူ​​ထော်ပြီး ​ခေါင်း​လေးတစ်ဆတ်ဆတ်ညိမ့်ပြလာတဲ့သူကိုကြည့်ကာ အိ​ပေါ်မျက်နှာမှာအလိုလိုပြုံးမိလျက်သား

"ချစ်စရာ​ကောင်းလိုက်တာ ကျန့်အာရာ"

"နာသွားပြီ"

သူဆွဲပြီးဖျစ်ညစ်လိုက်တာ​ကြောင့် ရဲတွတ်သွားတဲ့ပါး​လေးကိုကိုင်ကာ အိ​ပေါ်ကိုမျက်​စောင်း​လေးလှမ်းထိုးသည်

"ဖွဖွ နာသွားလား ငါကအသည်းယားလို့ပါ ကျန့်ကချစ်ဖို့​​ကောင်းလွန်းတာကိုး"

အိ​​ပေါ်ကိုမျက်​စောင်း​လေးထိုးကာ တစ်ဖက်လှည့်ပြီး ခိုးပြုံး​နေတဲ့သူကကျန့်အာ သူစလိုက်လို့ရှက်ပြီးရဲသွားတဲ့နားရွက်ဖျား​လေး​တွေကိုကြည့်ပြီး သ​ဘောတကျပြုံး​နေခဲ့တာက အိ​ပေါ်

"ကျန့် ငါ​လေ...."

"ငါ​ရေခဲမုန့်စားချင်တယ်အိ​ပေါ်"

"အမ်...​အော်....အင်း...သွားစားမယ်​လေ"

"လာ....ငါသိတဲ့ဆိုင်ရှိတယ်"

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now