Friend 14

829 39 4
                                    

ည​နေ ​နေဝင်ရီတ​ရောမှာ လူ​ပေါင်းများစွာကိုသယ်​ဆောင်လာတဲ့ ရထား​လေးတစ်စင်းက​တော့စည်းချက်မှန်မှန်နဲ့ခုတ်​မောင်းလို့

ရထား​ပေါ်ရှိမိသားစုကိုယ်စီက​​​နေ စကား​ပြောသံ က​လေးငယ်​လေး​တွေရဲ့​အော်ဟစ်​ဆော့ကစားသံ​လေး​တွေက တိတ်ဆိတ်​နေတဲ့​တောင်တန်း​တွေကိုဖြတ်သန်းသွား​နေရတဲ့ရထားအတွင်းကလူတစ်ချို့အတွက်​တော့ အထီးကျန်မှု​တွေကင်း​ဝေ​စေတယ် ထိုလူ​တွေထဲကမှ ​ထောင့်အကျဆုံးတစ်​နေရာမှာတစ်​ယောက်တည်းထိုင်​နေတဲ့လူငယ်​လေးလဲရှိတယ်

နှစ်ဆယ်​​ကျော်အရွယ်ရဲ့ သစ်လွင်မှု​တွေပြည့်​နေတဲ့ဒီလူငယ်​လေးက နားနှစ်ဖက်အတွင်းမှာနားကြပ်အဖြူ​လေးနှစ်ဖက်ကိုတပ်ရင်း ​တောင်တန်း​တွေကလာတဲ့​လတ်ဆတ်တဲ့​လေထုကိုခံစား​နေသည်

​တောင်တန်း​တွေနဲ့အပြိုင်လှတဲ့ထိုလူငယ်​လေးက သီချင်းတစ်ပုဒ်ကိုထပ်ခါတစ်လဲလဲနား​ထောင်ရင်း မျက်နှာမှာအပြူံးတစ်ချို့ချိတ်ဆွဲလို့ အ​တွေးနယ်ချဲ့​နေ​လေရဲ့
.
.
.
.
​​ကျောင်းပိတ်ရက်​တွေလဲမရပ်မနား အချိန်ပိုင်းအလုပ်​​တွေလိုက်လုပ်​နေတဲ့အိ​ပေါ်က ဒီမနက်သူသွားရမယ့်convenience storeဆီအလုပ်သွားဖို့ပြင်​နေတုန်း သူ့ဖုန်း​လေးဆီကNotiသံ​လေးထွက်လာသည်
အိ​ပေါ်လဲမနက်စာစား​နေရင်းဖုန်းကိုယူကြည့်​တော့
မျက်ခုံး​တွေတွန့်ချိုးသွားသည် စာပို့ထားတာကတိုတို​လေးပါ

"Hi ​နေ​ကောင်းရဲ့လား"တဲ့

အိ​ပေါ်လဲ တစ်ခါမှမမြင်ဖူးတဲ့ဖုန်းနံပါတ်မို့ စာပြန်ပို့မ​နေ​တော့ပဲ ​စားလက်စ​ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ကကိုက်ကာ ပါးနဲ့မားကိုနှုတ်ဆက်ရသည်

"ပါး မား ကျွန်​တော်အလုပ်သွားပြီ"

"သားဝမ် ​နေပါအုံး ဒီ​နေ့​တော့မသွားပါနဲ့လား"

"ဘာလို့လဲမား အလုပ်ကပျက်လို့မရဘူး ​​ကျောင်းပြန်တက်ရင်လုပ်ရ​တော့မှာမဟုတ်ဘူး သွားပြီမား"

မားထပ်တား​နေမှာစိုးလို့ အမြန်လက်ကာပြပြီးအိမ်ထဲက​ပြေးထွက်ခဲ့သည် မားလှမ်း​အော်​နေတဲ့စကားသံလဲသူမကြား​တော့ဘူး

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now