Friend 15

889 42 6
                                    

ကျန့်အာက အ​စောကတည်းက ဒီ​နောက်ဆုံးနှစ်ကို သူငယ်ချင်း​တွေနဲ့ပဲ ယွီကန်မှာ​ကျောင်းတက်ချင်ခဲ့တာမို့ ပြန်လာဖို့စီစဥ်ထားပြီးသား

သုံးနှစ်ပဲသွားမယ်​ပြောပြီး ပြန်မလာဖြစ်တာက သူပြန်မလာမချင်းစာ​တွေပို့​နေတဲ့အရူး​လေးကို နည်းနည်း​လောက်ညှင်းဆဲချင်တာ​​ရော အံ့သြ​စေချင်လို့လဲပါတယ်

သူသွားတဲ့အ​တောအတွင်း ပါပါးမာမားတို့နဲ့တစ်ပါတ်တစ်ခါဖုန်း​ပြောဖြစ်တယ် ဝမ်အားရီတို့နဲ့လဲခနခနစကား​ပြောဖြစ်တယ် အိ​ပေါ်နဲ့ပဲမ​ပြောဖြစ်တာ

ဝမ်အာရီကအကုန်​ပြောပြတယ် အိ​ပေါ်ကပန်းချီအတန်းတက်ပြီး ကျန့်အာပုံ​တွေချည်းဆွဲ​နေတဲ့အ​ကြောင်း​ ကိတ်မုန့်ဖုတ်တာသင်ပြီး​တော့လဲ အိမ်ကပါပါးနဲ့မားမားကိုလက်ရာ​လေး​ပေးမြည်းပါဆိုတာကို ကျန့်အာပြန်လာမှစားလို့​ပြောတယ်ဆိုတဲ့အ​ကြောင်း အိမ်ကအလုပ်လဲလစာနဲ့ပြန်လုပ်ပြီး အချိန်ပိုင်းအလုပ်လဲလုပ်​ကာ ​ငွေစု​နေတဲ့အ​ကြောင်း​တွေ​ပြောပြ​တော့ အိ​ပေါ်​ရေးဖူးတဲ့စာ​ကိုသတိရသွားပြီး ကျန့်အာတစ်​ယောက်ဟက်ဟက်ပက်ပက်ရယ်ရ​သေးတယ် အာ့​ကြောင့်ဝမ်အားရီက ​တော်​တော်​မွေးရကျိုးနပ်တဲ့သားလို့​ပြောတာ

ကျန့်အာ အိ​ပေါ်ဆီကစာ​တွေအမြဲရတယ် စာလာပို့တဲ့ဝန်ထမ်းနဲ့ဆို​တော်​တော်​တောင်ရင်းနှီး​နေပြီ နိုင်နိုင်းဆို စာပို့သမားအိမ်​ရောက်လာရင် ​မြေးသမက်က​လေးဆီကစာလာတယ်​ဟေ့ဆိုပြီး ​အော်​အော်ပြီးစတယ်

ချုံးချင့်အိမ်မှာ ကျန့်အာလိမ်လိမ်မာမာနဲ့စာ​တွေကြိုးစားသင်တယ် စန္ဒယားတီးတာလဲသင်ထားတယ် သိုး​မွှေးထိုးတာ​တွေလဲသင်ထားတယ် အိ​ပေါ်အတွက်က်ရည်ရွယ်ပြီးအဝါ​ရောင်အ​နွေးထည်​လေး​တောင်ထိုးထား​သေးတယ် သီချင်းတစ်ချို့ကိုလဲ​လေ့ကျင့်ထား​တယ် နိုင်နိုင်းဆီက​နေ အလှပန်းထိုးနည်း​တွေလဲသင်ထားတယ် ဟင်းချက်နည်း​တွေလဲသင်ထားတယ်

အိ​ပေါ်ဆီကစာတစ်​စောင်လာတိုင်း ယွန်း​သေတ္တာ​လေးထဲ​သော့ခတ်သိမ်းတယ် ပြန်စာ​ပေးဖို့​တွေးလိုက်တိုင်း အိ​ပေါ်ရဲ့တုံးအအမျက်နှာကိုမြင်​ယောင်လာပြီး မသိချင်အုံးဆိုပြီး ပစ်ထားဖို့ပဲဆုံးဖြတ်လိုက်တယ်

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now