Friend 5

1K 46 2
                                    

ဒီ​​နေ့က တနင်္ဂ​နွေ​နေ့မို့ ဂတိ​ပေးထားတဲ့အတိုင်းကျန့်အာနဲ့အတူအပြင်သွားဖို့ မနက်​စော​စောကတည်းကရိ​ပေါ်ထပြင်​နေသည်

"သားဝမ် ဘယ်ကိုသွားမလို့တုန်း ​စော​စောစီးစီးပြင်ဆင်​နေတာ"

"ကျန့်ကအပြင်သွားချင်တယ်ဆိုလို့ လိုက်ပို့မလို့ပါ"

"စာ​မေးပွဲနီးပြီ​လေ သားရယ် စာကျက်မှ​ပေါ့ စာ​မေးပွဲပြီးမှသွားလဲရတာပဲကို"

"စာကရ​နေပြီ မားရဲ့  ကျန့်နဲ့အတူတူညတိုင်းစာလုပ်​နေတာပဲ စာကရတယ် စိတ်မပူနဲ့"

"​အေးပါ ​အေးပါ မင်းတို့ရတယ်ဆိုလဲပြီးတာပဲ ဒါနဲ့သားဝမ်​ ကောင်မ​လေး​တွေရ​နေပြီလား"

"​​အာ...မားကလဲ ကျွန်​တော့မှာ ကျန့်တစ်​ယောက်ထဲနဲ့​တောင်မအားတာ ဘယ်လိုလုပ်​ကောင်မ​လေးထားဖို့အချိန်ရှိမှာလဲ"

ဝမ်မား ​ခေါင်းသာညှိမ့်မိသည်

"​​အေးပါ ပြီးတာပဲ အပြင်သွားရင်ထူထူထဲထဲလဲဝတ်သွားအုံး သားကျန့်​လေးကိုလဲ အ​နွေးထည်ထူတာဝတ်ခိုင်း အပြင်မှာအရမ်း​အေးတယ်"

"ဟုတ်မား ဒါနဲ့​လေ အားရီ​​မေးရင် စာသွားလုပ်တယ်လို့​ပြော​ပေး​နော် ​တော်ကြာ ကျန့်အဆူခံ​နေရမယ်"

"ဟင်? မားကဘာကိစ္စလိမ်​ပေးရမှာတုန်း အပြင်သွားတယ်ဆိုသွားတယ်​ပေါ့"

"မားကမသိဘူး အားရီက စာ​မေးပွဲနီးလို့ စာပဲကျက်ခိုင်းထားတာအပြင်မသွားခိုင်းဘူး အခုအပြင်ခိုးသွားတာဆိုရင် အဆူခံရမှာမားရ ​ပြော​ပေး​နော်မား"

"အဲ့ဒါနဲ့ပဲကျမကလိမ်​ပေးရမယ်​ပေါ့ ဟုတ်လားကိုယ်​တော်​လေး"

"ဟီးးးးးမားကလဲ တစ်ခါတည်းပါ ချစ်တယ်​နော် အာဘွား အာဘွား သွားပြီ ဘိုင့်"

"ဒီက​လေး!!!"

လက်ပြပြီးပြေးထွက်သွားတဲ့သားဖြစ်သူကို​ကြည့်ပြီး ​ဝမ်မား ခေါင်းသာခါမိသည်
.
.
.
.
.
"​ဟော ရိ​ပေါ်​လေး​တောင်လာပြီ အားကျန့် မပြီးနိုင်​တော့ဘူးလား အမြဲသူများက​စောင့်​နေရတယ်"

​ရှောင်းမားက​တော့ စာသွားလုပ်ကြမယ်အထင်နဲ့ ပြင်ဆင်လို့မပြီးနိုင်တဲ့ ​ရှောင်းကျန့်ကိုဆူပူ​နေ​တော့သည်

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now