💞Friend final💞

1.2K 53 5
                                    

စေ့စပ်ပွဲပြီးကတည်းက အိ​ပေါ်ကအလုပ်​တွေကြိုးစားလုပ်တယ် ကုမ္ပဏီ​တွေမှာအလုပ်​လျှောက်ထား​ပေမယ့် မရ​သေးတာမို့ အချိန်ပိုင်းအလုပ်​တွေပဲတစ်​နေကုန်တန်းစီပြီးလုပ်တယ် တစ်ခါ​လေညဘက်​တွေပြန်လာတာ​နောက်ကျတာမို့ ကျန့်အာကစိတ်ပူပြီး လမ်းထိပ်မှာသွားသွား​စောင့်တယ် ကျန့်အာကိုလမ်းထိပ်မှာ​တွေ့ရင် အိ​ပေါ်က စိတ်မချလို့ဆိုပြီးဆူပါ​လေ​ရော

ကျန့်အာက​တော့ ပါးရဲ့စာအုပ်ဆိုင်​လေးမှာပဲ ဝိုင်းကူ​ပေးတယ် မုန့်ဖိုးမျက်နှာနဲ့​လေ ​လတိုင်းရတဲ့​ငွေ​လေး​တွေကိုစုဘူးတစ်ခုထဲထည့်စုတယ်

အခုဆို သူတို့နှစ်​ယောက်အလုပ်အတူတူလုပ်ပြီး စုထားတဲ့​ငွေ​လေးလဲ စုဘူးထဲပြည့်​နေပြီ ဝမ်ပါးရဲ့ဆိုင်​လေးကလဲအများကြီးတိုးတက်လာပြီတစ်ပါတ်ရစ်ဆိုင်ကယ်​လေး​တွေ​ရောင်းရာက​နေ ဆိုင်ကယ်အသစ်​တွေပါ​ရောင်း​နေပြီ အစကရပ်ကွက်ထဲ​ရောင်းနေရာက​နေ ​အခုဆိုလူစည်ကားတဲ့​လမ်းမတန်းမှာ ဆိုင်​ပြောင်းဖွင့်လိုက်ပြီ ဝမ်ပါးကအိ​ပေါ်ကိုအပြင်မှာအလုပ်ထွက်မလုပ်ခိုင်း​တော့တာမို့ အိ​ပေါ်ကအချိန်ပိုင်းအလုပ်​တွေထွက်ပြီး ဝမ်ပါးဆီမှာပဲအလုပ်လုပ်​​တော့တယ်

ကျန့်အာတို့စာအုပ်ဆိုင်​လေးက တနင်္ဂ​နွေဆိုပိတ်တာမို့ ဘယ်မှသွားစရာမရှိ အိ​ပေါ်ကလဲ မ​နေ့ကတည်းကဆိုင်မှာအလုပ်အရမ်းများလို့ သူနဲ့စကား​တောင်မ​ပြောဖြစ်တာမို့ ကျန့်အာပဲ အိ​ပေါ်တို့ဆိုင်ကိုသွားရ​တော့တယ်
ကျန့်အာဆိုင်​ရှေ့​ရောက်တာနဲ့အိ​ပေါ်က ဆိုင်ကယ်တစ်စီးနဲ့ထွက်လာတယ်

"ကျန့် ခုပဲလာ​ခေါ်​တော့မလို့ကို"

"ဘယ်ကိုသွားမလို့လဲအိ​ပေါ်"

"ဒီနားခန လာတက်​လေကျန့်"

အိ​ပေါ်ကဆိုင်ကယ်ခုံကိုပုပ်ပြ​တော့ ကျန့်အာလဲ​အိ​ပေါ်ခါးကိုကိုင်ပြီးနောက်ကခွထိုင်လိုက်တယ်

"မ​နေ့ကမင်းငါ့ကိုပစ်ထားတယ်"

သူ့​ခါးကိုဖက်ကာ ကျောပြင်ထက်​မေး​လေးတင်ပြီးချွဲချွဲနွဲ့နွဲ့​ပြောလာတာ​ကြောင့် အိ​ပေါ်​ခေါင်း​လေးကို​နောက်လှည့်ပြီးပြုံးလိုက်မိသည်

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now