Friend 6

996 40 2
                                    

နှစ်​ယောက်သား ​ခေါက်ဆွဲပူပူ​လေးသွားစားပြီး အိမ်ကိုပြန်​တော့ ကား​ပေါ်မှာရှိ​နေတဲ့​တစ်တောက်​​လျှောက်လုံးကျန့်အာ ကိုယ်​လေးကတဖြည်းဖြည်း​ပူ​နွေး​နွေးဖြစ်လာသည် နှင်း​တွေထဲတစ်​နေကုန်​ဆော့ထား​တော့ ဖျားချင်ပြီထင်ပါတယ် နှာထိပ်​လေး​တွေလဲရဲလို့

"ဟတ်ချိုး ဟတ်ချိုး ရွှတ်"

ချမ်းလွန်းလို့ကိုယ်​လေးတုန်ကာ နှာ​တွေ​​ချေပြီး နှာတစ်ရှုံ့ရှုံ့ဖြစ်​နေတဲ့ ကျန့်အာကိုကြည့်ကာ ရိ​ပေါ်အိမ်ကိုအမြန်ပြန်​ရောက်ချင်​နေပြီ ​အေးစက်နေတဲ့ ကျန့်အာလက်က​လေးကိုကိုင်လိုက် နဖူး​လေးကိုစမ်းလိုက်နဲ့အလုပ်ရှုပ်​နေသည်

"အိ​ပေါ်....ငါအရမ်းချမ်းတယ် ဟတ်ချိုး.."

"လက်က​လေး​တွေ​နွေးသွား​အောင်လုပ်​ပေးမယ်​နော်"

ကျန့်အာလက်က​လေးနှစ်ဖက်ကိုကိုင်ကာ သူ့လက်​တွေနဲ့ဆုပ်နယ်​ပေးပြီး အာ​ငွေ့​ပေး​နေလိုက်သည်

ခနကြာ​တော့ချမ်းလို့တုန်​နေတဲ့ကိုယ်​လေးကငြိမ်သွားတာမို့ ရိ​ပေါ်​​ဘေးကိုလှည့်ကြည့်​တော့ ကျန့်အာက အိပ်​ပျော်​နေသည် ကားထိုင်ခုံကိုမှီပြီးငုတ်တုပ်အိပ်​နေတာ​ကြောင့် ဇက်နာသွားမှာစိုးတာနဲ့ ကျန့်အာရဲ့​ခေါင်းလုံးက​လေးကို သူ့ပုခုံး​ပေါ်တင်​ပေးလိုက်သည် တစ်ချက်တစ်ချက်ကားကလှုပ်​နေတာမို့ ယိုင်သွားတဲ့ကိုယ်​လေး​ကြောင့် ကျန့်အာ​ခေါင်းအုံးထားတဲ့ ပုခုံးကိုအသာမကာ ​ခေါင်း​အောက်ထဲတိုးဝင်လိုက်ပြီး ကျန့်အာကိုယ်​လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်သည်

သူ့ရင်ခွင်ထဲမှာ ငြိမ်ချက်သား​ကောင်း​နေတဲ့ကိုယ်​လေးက​တော့ တစ်ရိပ်ရိပ်နဲ့အဖျား​တွေတက်​နေပြီ တစ်ချက်ချက်ထတုန်လာတဲ့ကိုယ်​လေးက ချမ်းလို့ထင်ပါရဲ့

"ကျန့်အာ...ထ​တော့​လေ လမ်းထိပ်​ရောက်ပြီ"

အသာလှုပ်နှိုး​တော့ မျက်လုံး​လေးမဖွင့်ချင်ဖွင့်ချင်နဲ့နိုးလာတဲ့ ကျန့်အာကိုကြည့်ကာ ရိ​ပေါ်ပြုံးလိုက်မိသည်

ဒီလိုနဲ့ ကား​ပေါ်ကဆင်းပြီးလမ်းဆင်း​လျှောက်ကြသည်ဖျား​နေတဲ့ကျန့်အားက လမ်းကို​ကောင်း​ကောင်းမ​လျှောက်နိုင်တာမို့ ရိ​ပေါ်ကတွဲထားရသည် ​ကျန့်အာကဖျားပြီဆို ​​တစ်ရက် နှစ်ရက်​လောက်နဲ့မ​ပျောက် ​ခြေ​ဆစ်တွေလက်​ဆစ်တွေလဲကိုက်တတ်​သေးသည် ဒီ​နေ့လဲ နှင်း​တွေကြားထဲ အကြာကြီး​ဆော့ခဲ့တာမို့ ​သေချာတာ​တော့ ညကျရင် ကိုယ်လက်​တွေအရမ်းနာ​တော့မှာ

Friend(သူငယ်ချင်း)♡Completed♡Where stories live. Discover now