အပိုင်း ၁

390 16 0
                                    

"ဗျာ! ဟုတ်ကဲ့  ဟုတ်ကဲ့"

"အစကတော့ ကျွန်မသမီးက မေမေ့သဘောပါဘဲ လက်ခံပါမယ်ပြောပီးခါမှ ဆရာ့သားနဲ့သွားတွေ့ပီးပြန်လာတော့ မယူနိုင်တော့ပါဘူး လက်မခံနိုင်တော့ပါဘူး အတင်းငြင်းနေတာ ဆရာရယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ လာတွေ့ပေးတာနဲ့တင် ကျွန်တော်တို့ဘက်က ကျေးဇူးတင်ပါတယ်ဗျာ"

"ဆရာတို့မိသားစုကို အားနာလိုက်တာရှင်"

"ရပါတယ်ဗျာ ကျွန်တော့သားကိုက အချိုးမပြေလို့နေမှာပါဗျာ"

" ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ဖုန်းချပီးသည်နှင့် ဦးအားမာန်ရဲ့ တောက်ခေါက်ခံအကျယ်ကြီးတခု ထွက်ပေါ်လာသည်။

ဒေါ်မေသူတယောက် ပုတီးစိတ်နေရင်း ကြားလိုက်ရတဲ့ သူ့သားရဲ့ တောက်ခေါက်သံကြောင့် သူ့မြေးပြဿနာရှာထားပီမှန်းသိလိုက်သည်။

တဦးတည်းသောသားမို့ အလိုလိုက်ထားတာ လွန်သွားပီထင်သည်။ ၁၀တန်းအောင်တုန်းကလည်း ဆေးကျောင်းတက်ပါဆိုတာကို ဆေး၁ မှမ၀င်လို့ မတက်ချင်ဟုဆိုသည်။ဆေး၁ ၀င်ရန် ၅မှတ်ဘဲလိုသည်မို့ နောက်ခံအရ ဆေး၁မှာ တက်နိုင်ရန် လုပ်ပေးလို့ရပေမဲ့ အဲ့လိုနည်းနဲ့မတက်ချင်ဟု ဂျစ်ပြန်သည်။ဒါဆို စစ်ဆေးတက်မလားဆိုတော့လည်း လုံး၀မတက်ချင်ဟုငြင်းပြန်သည်။ခုတော့ ကွန်ပျူဝာာ တက္ကသိုလ်မှာ တတိယနှစ်တက်နေသည်။

သို့ပေမဲ့ တဦးတည်းသောသားမို့လားတော့မသိ အပေါင်းအသင်းအရမ်းမက်သည်။ကျောင်းပိတ်ရက်လေးတောင် အိမ်ကပ်တယ်လို့ကိုမရှိ။ သူငယ်ချင်းတွေကို မောင်နှမအရင်အချာသဖွယ် ချစ်တတ်သူမို့ မြန်မြန်သာ အိမ်ထောင်ချပေးလိုက်လျှင် သူ့မိသားစုလေးနဲ့သူဖြစ်လာလျှင် သူခြေငြိမ်သွားလောက်မည်‌ဆိုသည့် အတွေးနဲ့ အိမ်ထောင်ဖက်တွေ့ဖို့ရန်အတွက် စီစဉ်ပေးသော်လည်း သွားတွေ့တိုင်း တနည်းမဟုတ် တနည်းဖြင့် မရရအောင်ဖျက်လာတတ်သည်။
အခုလည်း သူလုပ်ချင်တာလုပ်ပီး ဘယ်ဆီသဝေထိုးနေသည် မသိရ။

"ကိုမာန် ကိုမာန်..."

"ဟေ ဩော! ခင်ပြန်လာပီလား"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now