အပိုင်း၁၆

23 1 0
                                    

မင်္ဂလာပွဲရက်နီးလာပီဆိုတော့ နှစ်ဖက်မိသားစုအပြင်ဘေးက သူငယ်ချင်းတွေပါ အလုပ်တွေများနေကြသည်။ခန်းမပြေးငှါး ခန်းမအပြင်အဆင်တွေ ဧည့်ခံကျွေးမွေးမဲ့ အ‌စားအသောက်တွေ ဓာတ်ပုံဆရာတွေ ဖိတ်စာတွေ ဖိတ်ရမဲ့ဧည့်သည်တော်စာရင်းတွေ နဲ့ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြသည်။
မိတ်ကပ်ကိုတော့ သွန်းကိုသာအပ်လိုက်တော့သည်။Suitဒီဇိုင်းနဲ့ အရံတွေ၀တ်ရမဲ့ ၀တ်စုံတွေကိုတော့ နိုင်ငံခြားဒီဇ်ိုင်းထဲကသာမှာထားပီး
ဆွမ်းကပ်မဲ့နေ့အတွက် မြန်မာ၀တ်စုံကိုတော့ နာမည်ကြီးပိုးထည်တိုက်တခုမှာ အပ်ထားလေသည်။
မင်းဘုန်းစိတ်တိုင်းကျလုပ်ချင်တဲ့ ပါတီပွဲအတွက် သီးသန့်ပြင်ဆင်ရလျှင် အသံလုံတဲ့ခန်းမ၊LEDမီးအပြင်အဆင်၊သောက်ဖို့ယမကာအပြင် DJသမား အစစအရာရာလိုက်စီမံရမည်ဖြစ်တာကြောင့် သူငယ်ချင်းတွေက Club တခုကိုသာငှါးလိုက်ရန် အကြံပေးလာသည်မို့ ထိုကိစ္စကို ယုယကိုသာ တာ၀န်ပေးထားလိုက်သည်။သူငယ်ချင်းတွေတစ်ယောက်တမျိုးစီအလုပ်ရှုပ်နေကြသည်မို့ အရင်လိုမစုံဖြစ်ပေမဲ့ တခုခုဆို ဖုန်းဆက်၍ အဆင်ပြေမပြေ ဘယ်လိုစီစဉ်ထားကြောင်း ဘယ်လောက်ပမာဏတော့ကုန်မည်ဖြစ်ကြောင်း ပြောဖြစ်ကြသည်။

°°°°°°°°°°°

ဖိတ်စာရပီမို့ စစ်လွန်းလည်းဆေးရုံက အထက်လူကြီး၊ဆရာ၀န်များနဲ့ သူနာပြု သန့်ရှင်းရေးပါမကျန်ခင်တဲ့သူတွေကို ဖိတ်စာလိုက်ဝေလိုက်သည်။တချို့ကလည်း မင်္ဂလာပွဲအတွက်ဂုဏ်ယူကြောင်းပြောပေမဲ့ တချို့ကလည်း "ဟို Valentine dayတုန်းကဆိုင်ကယ်နဲ့လာတဲ့တယောက်နဲ့လား" ဖိတ်စာသေချာဖတ်ကြည့်ပီး "တီချယ်သီတာရဲ့သားနဲ့လား တကယ်လား" ဆိုတဲ့မေးခွန်းတွေကို အံ့ဩရသောမျက်နှာဖြင့်မေးကြသည်။လုပ်ဖော်ကိုင်ဖက်ဆရာ၀န်တွေအပြင် တခြားဌာနက ဆရာ၀န်တွေကလည်း တဝိုင်းဧည့်ခံရန်ပြောလာသည်မို့ barတခု‌ကိုခေါ်လာလိုက်သည်။

Barရောက်ရောက်ချင်း မင်းဘုန်းဆီကဖုန်း၀င်လာသည်မို့ တနေရာသို့ဖုန်းပြောရန်ထွက်လာလိုက်သည်။

"အင်း မင်းဘုန်းပြော"

"ဖိတ်စာလောက်ရဲ့လား မလောက်ရင်ခုဘဲ ဟန်နီ့အိမ်ကို၀င်ပေးမလို့"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now