အပိုင်း၁၅

20 2 0
                                    

"ရာသီဥတုကြီးကလည်း ပူလိုက်အိုက်လိုက်တာဟယ်...."

မြင့်အောင်ကျော်ရဲ့ဖုန်းဆိုင်လည်း မင်းဘုန်းရဲ့ဆိုင်ခန်းသို့ရွှေ့လာပီဖြစ်သည်။ဆိုင်သန့်ရှင်းရေးအတွက် သွန်းနဲ့ မေသော်က ကူညီလုပ်ကိုင်ပေးနေကြတာဖြစ်သည်။စည်သူကတော့ တက်တူးလာထိုးတဲ့ ဧည့်သည်ရှိနေလို့ ကူညီဖို့မအား။

"ယုယက လာမကူဘူးလား။မင်းဘုန်းကကော"

သွန်းကမေးလိုက်တာကို နံရံမှာဖုန်းကာဗာတွေချိန်ဖို့ စင်လေးတွေသေချာရိုက်နေတဲ့ မြင့်အောင်ကျော်က "မင်းဘုန်းက ဆိုင်သော့ပေးပီးထွက်သွားတာဘဲ ဗိလိယက်ခုံဆိုလား"

မေသော်ကလည်း အခုမှသတိရဟန်ဖြင့်"ဪ! ဟုတ်တယ်ဟုတ်တယ် စောနကယုယ မင်းဘုန်းနဲ့အတူထွက်သွားတာ"

"အလုပ်ရှိတယ်ဟေ့ဆို ဖမ်းမရအောင်ပျောက်တာပျောက်တာ သောက်ကြမယ်ဟေ့ဆို တကူးတကကြီးပင့်စရာမလိုဘူး"

သွန်းကထိုကဲ့သို့ ပွစိပွစိရေရွတ်တော့ ‌မေသော်ကလည်း "ငါတို့မသောက်ရတာကြာပီနော် ဒီညဝိုင်းလိုက်ကြမလား"

"တော်စမ်းပါ ဟိုတခါအချုပ်ထဲရောက်သွားတာတောင် တပတ်ကျော်ဘဲရှိသေးတယ်"

°°°°°°°°°°°°°°

"Cheers... "

"ဟဲ့ နင်အိမ်ထောင်ကျပီးသွားရင် ငါတို့နဲ့ဒီလိုသောက်လို့ရပါ့မလား"

မေသော့်စကားကို မင်းဘုန်းက ပြန်ချေပသည်။
"ငါ့ပါးစပ်နဲ့ငါသောက်မှာလေ ဘာလို့မရရမှာလဲ"

"ကိုစစ်လွန်းကမကြိုက်ရင်ကော"

"သူမကြိုက်ရင်မသောက်နဲ့ပေါ့"

"ဟာမဟုတ်ဘူးလေ... ညဘက်သောက်တာမကြိုက်ရင် နင်ဘယ်လိုလုပ်မလဲ"

"ဟာ... ဒီမိန်းမကတော့ဆိုပီး ကိုင်ပေါက်ပစ်လိုက်မယ်"

"ဟားဟားဟားးးး ခုကတည်းက ဟန်နီ ဟန်နီနဲ့ဖြစ်နေတာများ မင်းကကိုင်ပေါက်အုံးမယ်"

မြင့်အောင်ကျော်ရဲ့စကားက မှန်နေသည်မို့ မင်းဘုန်းကရှက်ပြုံးလေးနဲ့ "အဆင်ပြေအောင်နေတဲ့သဘောပါ အဟင်း"

"ယုယ နင်ဒီနေ့ငါ့ကားကို ဘယ်ယူသွားသေးလဲပြော ငါမနေ့ကမှဆီအပြည့်ထည့်ထားတာ နင်ပြန်လာတော့ တ၀က်ဘဲကျန်တယ်"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now