အပိုင်း၁၄

32 2 0
                                    

စစ်လွန်းတို့ မနက်ဂျူတီချိန်းပီးတာနဲ့ မနေ့ကစီစဉ်ထားတဲ့ မဏ္ဍပ်ကိုရောက်လာကြပါသည်။ရောက်ရောက်ချင်း မင်းဘုန်းသူငယ်ချင်းတွေနဲ့အတူမနက်စာတူတူစားလိုက်ပီးနောက် ချက်ပြုတ်ရေးမှာလည်း စစ်လွန်းကူနိုင်သလောက်လေး၀င်ကူလိုက်သည်။

အလှူထမင်းဟင်းချက်ဖို့ခေါ်ထားတဲ့အဖွဲ့ကလည်း စေတနာပါပါနဲ့ချက်ပြုတ်ပေးနေကြသည်။ဆန်လုံးကွဲအောင်သယ်ထားတဲ့ထမင်းကို ထမင်းရည်ငဲပီး ရေအေးထဲစိမ်ထားကြသည်။သရက်သီးစိမ်းသုပ်လေးရယ် သရက်သီးနဲ့ငခြောက်ကြော်(သင်္ကြန်ငါးကြော်)လေးရယ် ငရုတ်သီးခြောက်တွေကို မဲမဲလေးဖြစ်အောင်ကြော်ရယ် သင်္ကြန်ထမင်းရဲ့အငွေ့အသက်ဖြစ်တဲ့ ဖယောင်းရည်လေးပါ ပါ၀င်ပါသည်။စစ်လွန်းက‌တော့ မေသော်နဲ့သွန်းတို့ဖျော်ထားတဲ့ကျောက်ကျောဖျော်ရည်ကိုသာ တခွက်ပီးတခွက်ယူယူသောက်နေခဲ့သည်။မင်းဘုန်းတို့ပြင်ထားတဲ့ အမွှေစိန်တို့မဏ္ဍပ်တွင်တော့ မနက်အစောကတည်းက ရက်ကွက်ထဲကကလေးများနဲ့ စည်ကားနေသည်။ရေလည်းအလျှံပယ်မို့ ကလေးတွေလည်းပျော်နေကြသည်။

နေလည်၁၁ခွဲ၌ အလှူထမင်းလာစားရန် ရက်ကွက်ထဲကလူများနဲ့ မဏ္ဍပ်မှာရေလာကစားတဲ့ကလေးတွေ သင်္ကြန်လည်နေတဲ့ကားတွေပေါ်ကလူတွေကို ဖိတ်ကျွေးလိုက်သည်။လိုက်ပွဲထည့်ပေး ဟင်းပန်းကန်တွေချပေးနဲ့ အားလုံးနဲ့တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြသည်။ဖယောင်းရည်မကြိုက်တဲ့သူများကလည်း ဖယောင်းရည်မထည့်ကြ။သင်္ကြန်ငါးကြော်လေးက အရမ်းစားကောင်းတယ် ဆိုတဲ့စကားသံတွေနဲ့ မြိန်ရည်ယှက်ရည် စားသုံးနေကြသည်။

မဏ္ဍပ်တွင် ကျောက်ကျောဖျော်ရည်တခွက်နဲ့ ထိုင်ပီးငေးနေတုန်း ရုတ်တရက်ရောက်လာပီး နှာခေါင်းကိုလာတို့တဲ့ မင်းဘုန်းကြောင့် စစ်လွန်းလန့်သွားရ၍ မင်းဘုန်းလက်မောင်းကို တချက်လှမ်းရိုက်လိုက်သည်။

"မောနေပီလား"

"မမောပါဘူး"

"ရေဆော့ချင်ရင် သွားဆော့လေ"

"ငါက ကလေးလား"

သူက ကလေးလားလို့ပြန်မေးနေသည့်သူကိုယ်တိုင်က ကလေးဆန်နေသည်။

ကြောင်နဲ့ကြွက်(Ongoing)Wo Geschichten leben. Entdecke jetzt