အပိုင်း၉

61 2 0
                                    

ဒီနေ့က နှစ်ဖက်မိဘတွေ့စုံမဲ့နေဖြစ်သည်။မာမီရဲ့ နားရက်ဆိုတော့ မီးဖိုခန်းထဲ မာမီကိုယ်တိုင်၀င်ရောက်ချက်ပြုတ်နေသည်။မင်းဘုန်းနဲ့ဒယ်ဒီကတော့ နွေရာသီသင်္ကြန်ရောက်တော့မှာဆိုတော့ ခရီးသွားလုပ်ငန်းအတွက် တိုင်ပင်နေကြခြင်းဖြစ်သည်။ သားအဖနှစ်ယောက် ရှားရှားပါးပါးတည့်နေတဲ့အချိန်လေးလို့လည်း အပြောမစောသင့်ပါ။

"သင်္ကြန်မတိုင်ခင် ခရီးသွားလုပ်ငန်းက ဧည့်သည်တွေကို သူတို့သွားချင်တဲ့နေရာကို အပီးပို့ထားလိုက်ပေါ့ ဒယ်ဒီရဲ့"

" အဲ့တာဆို သင်္ကြန်အတွင်း ငါ့ဧည့်သည်တွေကို ဖြစ်ချင်ရာဖြစ်ဆိုပီး ပစ်ထားရမှာလားကွ! မင်းကလဲ"

"သင်္ကြန်အတွင်းတောင် ဒယ်ဒီရုံးမပိတ်ပေးရင် ရုံးက၀န်ထမ်းတွေအကုန် ဆန္ဒပြကုန်ကြမှာပေါ့ ဒယ်ဒီရဲ့ သူတို့လည်း တရားစခန်း၀င်ချင်တဲ့သူရှိမယ်။မိသားစုနဲ့ခရီးထွက်ချင်တဲ့သူရှိမယ်။သူငယ်ချင်းတွေနဲ့လည်ချင်တဲ့သူရှိမယ်။ချစ်သူရှိတဲ့သူကလည်း ချစ်သူနဲ့လည်ချင်ကြမှာဘဲလေ"

"ဟင်းးးးဒါဆို ၀န်ထမ်းအားလုံးကို အပျော်ခရီးစဉ်ပို့ပေးမယ်ဆိုပီး ဧည့်သည်တွေနဲ့ အတူတူစီစဉ်ပေးလိုက်ရင်ကော... ဘယ်လိုလဲ"

"ဟာ! ဒယ်ဒီကခက်တာဘဲ အပျော်ခရီးဆိုပီး ဧည့်သည်တွေနဲ့ထည့်လွှတ်လိုက်မှတော့ အလုပ်လုပ်ခိုင်းတာနဲ့ အတူတူဘဲလေ"

မီးဖိုခန်းမှချက်ပြုတ်နေတဲ့မာမီက ဧည့်ခန်းမှာထိုင်ပီး အလုပ်ရှုပ်နေတဲ့သားအဖနှစ်ယောက်အတွက် အချိုရည်လာပို့ရင်းဆိုလာလေသည်။ "ဘာဖြစ်နေကြပြန်ပီတုန်း ဒီသားအဖတွေက"

"မာမီ ဒီနှစ်သင်္ကြန် တရားစခန်း၀င်မှာမလား"

မာမီက ခေါင်းငြိမ့်ရင်း "အင်းလေ"ဟုပြောလာသည်။

"အဲ့တာဆို ဆေးရုံအုပ်က မာမီတရားစခန်း၀င်တဲ့နေရာထိ လူနာတွေပါခေါ်သွားဆို မာမီဘယ်လိုလုပ်မလဲ"

"ဟယ် ဖြစ်သင့်သလားစဉ်းစားလေ... တရားစခန်းထိ ငါကလူနာတွေခေါ်သွားရအုံးမှာလား။ငါတနှစ်ပတ်လုံး အလုပ်လုပ်လာတာ ဒီရက်အတွက်တော့ အေးအေးဆေးဆေးလေး တရားစခန်း၀င်ချင်တာပေါ့"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now