အပိုင်း၃

83 8 0
                                    

"စစ်လွန်း နင့်ကို ချယ်သီတာခေါ်လို့"

"ဟုတ်ပီ ငါအခုသွားလိုက်မယ်"

ဒေါက် ဒေါက်

"၀င်ခဲ့ပါ"

"ချယ် ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"

"ဟုတ်တယ် ဟိုတခါ တီချယ် သားကိုပြောထားတဲ့ကိစ္စလေး~~~~~~~"

°°°°°°°°°°°

"ဟဲ့စစ်လွန်း ချယ်ကနင့်ကိုဘာခေါ်ပြောတာလဲ"

"ချယ်က သူ့သားနဲ့အိမ်ထောင်ချပေးချင်လို့တဲ့"

"ဟမ်! ချယ့်သားနဲ့ ဘယ်သူ့ကိုလဲ"

"ငါ့ကို"

"ဘာ! မင်းဘုန်းနဲ့ နင့်ကို "

"နင်ကသိလို့လား"

"ဟဲ့ သိလွန်းလို့ပေါ့ ငါ့မောင်လေးက သူတို့အဖွဲ့ထဲက သွန်းစန္ဒီကို ဆိုတဲ့တယောက်နဲ့တွဲနေတာ
အဲ့တာကြောင့် သူတို့အကြောင်းတွေငါက ငါ့မောင်လေးဆီကနေတဆင့် အကုန်သိနေရတာ
နင်မလွယ်လောက်ဖူးနော် မင်းဘုန်းက ဒီကိစ္စကိုလွယ်လွယ်နဲ့ လက်မခံလောက်ဘူး"

"ဘာလို့လဲ ငါကယောက်ျားလေးတယောက်ဖြစ်နေလို့လား"

"မဟုတ်ဘူး မင်းဘုန်းက သူ့အိမ်ကစီစဉ်ပေးသမျှ blind date တိုင်းကို မရရတဲ့နည်းနဲ့ ဖျက်လာခဲ့တာ"

စစ်လွန်းအံ့ဩတကြီးကြည့်နေမိသည်။

"ဟယ်ဘာပြူးကြည့်နေတာလဲ နင်ကနင်နဲ့အိမ်ထောင်ပြုမဲ့လူအကြောင်းတောင် နည်းနည်းပါးပါးမစုံစမ်းထားဘူးလား"

ခေါင်းလေးခါရင်း
"နင်သိသလောက် ငါ့ကို ပြောပြပါလား မော်မော်"

"အေး ဒီလိုဆိုတော့လည်း ပြောပြရတာပေါ့"

"ဒီလိုဟေ့ ပထမဆုံး blind date က သူ့အဖေတို့ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထဲက တယောက်ရဲ့ သမီးလို့ပြောတာဘဲ အဲ့လိုနဲ့ blind date တွေ့တဲ့ခါကြတော့....

"ကျွန်မက အေမီဇော်ပါ နိုင်ငံခြားမှာကျောင်းတက်နေပါတယ်"

"မင်းဘုန်းမာန်သစ်ပါ CUက"

"ဘာဝါသနာပါလဲ"

"ဂိမ်းဆော့တာ"

"လုပ်ငန်းအရဆိုရင်ကော"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now