အပိုင်း၁၃

37 2 0
                                    

စစ်လွန်း မနက်ဂျူတီချိန်းပီးနောက် ဆေးရုံကနေအိမ်သို့အပြန်လမ်းမှာ မင်းဘုန်းနဲ့အတူ မနက်စာ၀င်စားခဲ့သည်။စစ်လွန်းက မုန့်ဟင်းခါးစား၍ မင်းဘုန်းကတော့ ပသျှူးထမင်းကြော်ကို နှစ်ပွဲတောင်မှာစားလေသည်။ပီးတော့ စစ်လွန်းက ချိုဆိမ့်ကောင်းကောင်းလေးသောက်ချင်သည်မို့ မင်းဘုန်းခေါ်လာတဲ့ဆိုင်ထဲသို့၀င်လာလိုက်သည်။ဒီဆိုင်ကမင်းဘုန်းလာနေကြဆိုင်မို့ထင် ဆိုင်ကစားပွဲထိုးလေးတွေက မင်းဘုန်းကိုမြင်တာနဲ့ ကော်ဖီနှပ်ဖျော်တခွက် ကိုမှာပီးသားပင်။စစ်လွန်းကတော့ ချိုဆိမ့်ခွက်ကြီးမှာလိုက်ပီးမှ မလှိုင်ရသည်ဟုတွေ့တာကြောင့် မလှိုင်တပွဲနဲ့ အီကြာကွေးပါထပ်မှာလိုက်သည်။

မင်းဘုန်းကော်ဖီသောက်နေရင် စည်သူ့ဖုန်း၀င်လာသည်မို့ ချက်ချင်းကိုင်လိုက်သည်။

"အေး မင်းအိမ်မှာဘဲလား"

"မဟုတ်ဘူး အပြင်မှာ"

"သင်္ကြန်က မနက်ဖြန်ဆိုပီးပီကွ စတုတီသာကျွေးကြမယ်ဆို ဘယ်မှာကျွေးမှာလဲ ရပ်ကွက်ထဲဘဲလား မဏ္ဍပ်မှာလား ပီးတော့ ဘာကျွေးမှာလဲ အအေးလား မုန့်လုံးရေပေါ်လား ဘာလဲ လာစီစဉ်အုံးလေ"

"အေအေ ဟုတ်ပီ ငါမင်းတို့ဆီလာခဲ့မယ်"

မင်းဘုန်းဖုန်းချပီးတာနဲ့ စားပွဲထိုးလေးကို အီကြာကွေးနဲ့ လက်ဖက်ရည် ပါဆယ်ထပ်မှာလိုက်သည်။ပီးနောက် ကျသင့်ငွေရှင်းကာဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။

"ဟန်နီ"

"ပြော"

"ကျွန်တော့်စည်သူတို့ဆီခဏ၀င်အုံးမလို့"

စစ်လွန်းလည်း သူငှါးပေးထားတဲ့ဆိုင်ခန်းပုံစံလေးတွေလိုက်ကြည့်ချင်တာမို့ မင်းဘုန်းနဲ့အတူလိုက်လာခဲ့သည်။မင်းဘုန်းရဲ့ဆိုင်က မြို့ထဲမှာရှိတာသိပေမဲ့ စစ်လွန်းအလုပ်များနေတာကြောင့်မရောက်ဖြစ်ပါ။

°°°°°°°°°°°

တက်တူးဆိုင်ရှေ့ရောက်တော့ ကားရပ်လိုက်သည်မို့ စစ်လွန်းလည်း ကားထဲမှထွက်လာခဲ့သည်။ဆိုင်ခန်းပုံစံလေးတွေက သပ်ရပ်ပါသည်။လမ်းမကြီးနဲ့အညီ မြေညီထပ်မှာဆိုင်ဖွင့်ပီး အပေါ်ထပ်မှာနေကြပုံရသည်။သင်္ကြန်အတွင်းဆိုင်ပိတ်ထားကြတာမို့ ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်တွေထုတ်မထားကြပါ။စစ်လွန်းလည်း မင်းဘုန်းနောက်သို့သာလိုက်၀င်ခဲ့သည်။

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now