အပိုင်း၂

98 8 0
                                    

"ကိုမာန် ခင်တို့မနက်စာ၀ယ်သွားကြမယ်လေ ကိုမာန်ဘာစားချင်လဲ"

"အိမ်မှာ မ၀င်းကြည်တို့ကို ချပါတီလုပ်ခိုင်းထားတယ်လေ ခင်ဟိုတနေ့က စားချင်တယ်ပြောထားလို့ ကိုယ်ဒီနေ့လုပ်ခိုင်းလိုက်တာ"

"အဟင်း ကိုမာန်ခုထိအချစ်တွေမပေါ့သေးဘူးဘဲ အာ့ဆို အိမ်ပြန်ရအောင် ခင်ဗိုက်ဆာနေပီ"

လက်မောင်းပေါ် ခေါင်းလေးတင်ပီးလာချွဲနေတဲ့ ခင်သီတာကို မြတ်နိုးလွန်းလို့ နဖူးလေးတချက်နမ်းကာ ကားစက်နိုးပီး ထွက်လာခဲ့လိုက်သည်။

°°°°°°°°°°°°°

မနက်စာစားဝိုင်းတွင်....

"အမေစားလို့အဆင်ပြေလား"

"ပြေပါတယ် ဒါပေမဲ့ ဒီအချဉ်သုပ်လေးက နဲနဲစပ်သလားလို့ သမီးရယ်"

"ဟုတ်တယ်မေ အအီပြေအောင်လို့ အချဉ်သုပ်လေးကို အစပ်ပိုကဲထားပုံဘဲ ခင်ပြန်ပြင်ပေးမယ်နော် အမေခဏလေးစောင့်"

ပြောကာ ခင်သီတာ မီးဖိုခန်းထဲ၀င်သွားတော့
အပေါ်ထပ်မှ ဒုန်းဒုန်းဒုန်းနဲ့ လှေကားတွေကိုပြေးဆင်းလာသော မင်းဘုန်းမာန်သစ်။

"အမလေးလေး ငါ့မြေးရယ် ဘယ်လိုဖြစ်လို့ ခုန်ပေါက်ပြေးဆင်းလာရတာတုန်း မတော်လို့ ပြုတ်ကျသွားရင် ဘယ့်နှယ့်လုပ်မတုန်း"

"ဖွားကလည်း သားက အသက်၂၀ကျော်နေပီလေ ကလေးမဟုတ်တော့ပါဘူး"

"သားမနက်စာတခါထဲစားမှာမလား မာမီပြင်ပေးမယ် "

မာမီ့အားခေါင်းညိမ့်ပြပီး ဖွားဘေးနားက ခုံအလွတ်မှာ၀င်ထိုင်ရင်း မိဘနှစ်ပါးကို အကဲခတ်ကြည့်နေသည်။
မနေ့ကပွဲဖျက်လာတဲ့ကိစ္စကို ခုထိဘာမှ မပြောသေးပေ။ ဆူလိုက်တာကမှ အဆင်ပြေအုံးမည်။
ခုအခြေအနေကြီးက ဘယ်လိုကြီးလဲ။

"ရော့သား ချပါတီနဲ့ ဟင်းတွေ အ၀စားနော် အိမ်မှာအများကြီးလုပ်ထားတာ"

ကြည့်လိုက်တော့ စတီးပန်းကန်ပြားအဝိုင်းကြီးကိုမှ အကန့်တွေနဲ့ ပုံစံခွက်ပန်းကန်လိုဖြစ်နေသည်။
အကန့်အကြီးထဲမှာ ချပါတီထည့်ထားသည်။နောက်ထပ်တကန့်မှာတော့ အာလူး၊ပဲသီးမုန်လာဥနီလိုမျိုးတွေ‌ကိုရောကာ မဆလာနဲ့ကြော်ထားပုံရတဲ့ ဘာကျီကြော်ဆိုတဲ့ ဟင်းရယ် နောက်တကန့်ထဲမှာက ကြက်သားသေးသေးလေးတွေတုံးကာ ကုလားပဲနဲ့နှပ်ထားတဲ့ ဟင်းရယ် နောက်တခွက်ကတော့ မန်ကျည်းမှည့်ကို ကြက်သွန်နီ ငရုတ်သီးစိမ်းနဲ့သုပ်ထားတဲ့ဟင်းတခွက်ရယ် ပါသည်။ ကြည့်လိုက်တော့လည်း အကုန်လုံးက မနေ့ကကိစ္စကိုဘာတခုမှ မပြောဘဲ စားစရာရှိတာစားနေကြသည်။ဆိုတော့.....

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now