အပိုင်း၅

65 5 2
                                    

"ဟဲ့ဟဲ့ စစ်လွန်း ကားခဏရပ် နင်အချိန်ရတယ်မလား။ငါဒီဆိုင်က အ၀တ်အစားလေး၀ယ်ချင်လို့"

"အင်း"မော်မော်မေးခွန်းကို ခေါင်းငြိမ့်ပြ၍သာ ကားပါကင်ထိုးဖို့နေရာရှာလိုက်တော့သည်။

ဆိုင်ထဲတွင်တော့
"ဟဲ့မင်းဘုန်း ဒါငါ့သမီးလေးနဲ့လိုက်လား"

"ဟမ်!ဘာတွေမေးနေတာလဲမေသော် အဲ့တာနင့်ဆိုဒ်လေ။နင့်သမီးနဲ့၀တ်လို့ရမလား"

"ဟီးဟီး ဒီဂါ၀န်လေးက ငါ၀တ်မှလှမှာပေါ့ ၀ယ်လိုက်တော့မယ်။အမရေ ဒါလေးယူမယ်"

မေသော်တာဂါ၀န်ကိုင်ပီး ကောင်တာမှာ ငွေသွားရှင်းတော့ မင်းဘုန်းလည်း ဆိုင်အပြင်သို့အထွက်
ဟိုနေ့က မေမေတွေ့ပေးတဲ့ ကိုစစ်လွန်းအိဏ်ကို ကောင်မလေးတယောက်နဲ့တွဲတွေ့လိုက်ရသည်။

မော်မော်က တံတောင်နဲ့တို့ပီး မျက်နှာရိပ်ပြနေတဲ့နေရာ ကြည့်လိုက်တော့ တီချယ့်သားဘဲ။မျက်နှာချင်းဆိုင်လာတွေ့နေတော့ မနှုတ်ဆက်လို့ကလည်း မဖြစ်။

"ဟိုကိုစစ်..... လွန်းအိဏ် အဟဲ ဘယ်လာတာလဲ"

"ဒီဆိုင်ဘဲ မော်မော်က၀ယ်စရာရှိတယ်ဆိုလို့"

အ၀တ်အိတ်လေးကိုင်ပီး ဆိုင်ထဲကထွက်မယ်လုပ်တော့ မင်းဘုန်းက လူနှစ်ယောက်နဲ့ စကားရပ်ပြောနေသည်။‌ အဲ့နှစ်ယောက်ထဲက ညာဘက်က ကောင်မလေးကတော့ သာမန်ပါဘဲ ဘယ်ဘက်ကကောင်လေးကတော့ (တံတွေးမြိုချလိုက်ပီးမှ)ကျော့ရှင်းနေတာဘဲ မိုက်တယ်။
ပီးတာနဲ့ ဆိုင်တံခါးလေးဖွင့်ကာ မင်းဘုန်းဘေးနား သူသွားရပ်လိုက်သည်။

"ကိုဘုန်း သူတို့က ကိုဘုန်းရဲ့အသိတွေလား"

‌ဆိုင်ထဲက ထွက်လာတဲ့မေသော်က မင်းဘုန်းလက်ကို လာတွဲပီး မေးခွန်းစလာလေတော့
မင်းဘုန်းလည်း အမြန်ဖြေလိုက်သည်။

"အင်း အင်း ဟုတ်တယ်"

ထိုနှစ်ယောက်ကိုကြည့်ရင်း စစ်လွန်း စိတ်လေမိသည်။မထင်မှတ်ဘဲ ဆုံတာတောင် ဇာတ်လမ်းလာရိုက်နေပါလား။မော်မော်ကလည်း သူ့ကိုကြည့်လိုက် ဟိုနှစ်ယောက်ကိုကြည့်လိုက်နှင့်။

"ကိုစစ်လွန်းအိဏ်တို့အားရင် တခုခုလိုက်စားပါလား။ ကျွန်တော်လိုက်ကျွေးပါရစေ။

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now