1.6K 120 24
                                    

"သား​လေးက အသွက်​လေး​နော် ချစ်စရာ​လေး"

က​လေး​လေးဂယူဗင်းဘ၀မှာ ဒီလိုချီးကျူးစကား​တွေကရိုး​နေပြီ။ အမြဲတမ်းကြားရတဲ့စကား​တွေမို့လို့ ဂယူဗင်း​လေးက​တော့ အထူးတလည်ရှက်​နေတာမျိုးမရှိ။

အခုလည်း ​မေ​မေသူငယ်ချင်း တစ်​ယောက်အိမ်သွားလည်တာ။ ဂယူဗင်းကို သွက်လို့ဆိုပြီး
ဝိုင်းချီးကျူးသံ​တွေ​အောက်မှာ ဂယူဗင်းက
တပြုံးပြုံး။ကွတ်ကီးကို တစ်ကိုက်ကိုက်ရင်း
နွားနို့​လေး​သောက်ကာ ​နား​ထောင်​နေလိုက်သည်။

"ဘယ်ကလား တအား​ဆော့လို့ လက်လန်​နေတာ"

ဂယူဗင်းသည် ​မေ​မေကို မကြည်အကြည့်နဲ့
မျက်လုံးလှန်ကြည့်လိုက်သည်။

သူများ​တွေချီးကျူး​နေပြီဆို အဲလို​တွေ​ပြောပြီ။

"​ရွေ့​ရွေ့​ရော အသံမကြားပါလား"

ဂယူဗင်းသည် တခြားတစ်​ယောက်နာမည်ပါလာ​တော့လူကြီး​တွေစကားဝိုင်းကို နားစွင့်လိုက်မိသည်။

"အ​ပေါ်မှာ​ က​လေးဖြစ်ပြီး ငြိမ်လွန်းလို့
သူ့ပါးပါး​ရော ငါ ​ရောက ​အားမရဘူး"

"က​လေးဆို​တော့ ​နေရာအသစ်​နဲ့. နေသားမကျလို့​
နေမှာပါ ​နောက် သူငယ်ချင်းအသစ်​တွေရလာရင် အလိုလို​​ပျော်ပြီး ​ဆော့လာမှာ ငါသားလည်းရှိတာပဲ "

သူငယ်ချင်းအသစ်ရ​တော့မယ်ဆို​တော့ ဂယူဗင်း
ဂနာမငြိမ်ချင်​တော့။

"ဂယူဗင်း အ​ပေါ်မှာ သားနဲ့ရွယ်တူ
တီတီသား​လေးရှိတယ် တူတူ​ဆော့ချင်လား"

ဂယူဗင်း​မေ​မေကိုလှမ်းကြည့်​တော့ ​မေ​မေမျက်နှာက သာမန်အ​နေထား။​သေချာတယ် ဒါဆို ဂယူဗင်း
သ​ဘောတိုင်းလုပ်လို့ရမှန်း သိလိုက်ပြီ။

"​ဆော့မယ် အ​ပေါ်ကိုတက်သွားလို့ရလား အခု"

ဂယူဗင်းစိတ်ရှိတိုင်းသာဆို အ​ပေါ်ကို ချက်ချင်း
တက်သွားချင်ပြီ။လူ​ကြီး​တွေရဲ့ စကားဝိုင်းကို
နား​ထောင်ရတာ ပျင်းဖို့​ကောင်းသည်။ ဂယူဗင်း
ငြိမ်ငြိမ်​လေးထိုင်နား​ထောင်​နေရတာ ကွတ်ကီး
တစ်ပန်းကန်​တောင် ကုန်တဲ့အထိပဲ။

Go away;Come hereWhere stories live. Discover now