13°

548 115 6
                                    

ဂယူဗင်းက ​တက္ကသိုလ်​ရွေးဖို့ ကိစ္စ​တွေနဲ့
အ​တော်​လေးအလုပ်ရှုပ်​နေသည်။
ဟို​နေရာဆိုလည်း သွားရပြန်သည်။
ဒီ​နေရာဆိုလည်း သွားရပြန်သည်။ရစ်ခီကလည်း
သူ ပြန်ဖို့ ကိစ္စ​တွေနဲ့ ရှုပ်​နေလို့ ဒီရက်ပိုင်း
ဂယူဗင်းက ရစ်ခီ အနား ​ကောင်း​​ကောင်းမကပ်ရ။

ဂယူဗင်းက အလုပ်​တွေရှုပ်​နေလွန်းလို့
ကင်ရစ်ခီကိုကြိုက်​နေလို့ ရင်ထဲမှာ လိပ်ပြာ​လေး​တွေပျံတဲ့ခံစားချက်ကို​တောင် ​ကောင်း​ကောင်းမခံစားရ။ အဲလိုမှန်းသိ ကင်ရစ်ခီ နဲ့ စ​တွေ့ကတည်းက
ရစ်ခီကို သ​ဘောကျ​နေမှန်း ဂယူဗင်းက
သိလိုက်ရမှာ။

အခုများ​တော့ လိုက်ပိုးပန်းဖို့မ​ပြောနဲ့ ဂယူဗင်းက
သူ့ဟာသူ​တောင် ယားလို့မကုတ်အား။
ဂယူဗင်းက တစ်ဖက်မှာလည်း ပူပန်​နေရပြန်သည်။
ရစ်ခီ ကိုဒီတစ်​​ခေါက် ဒီတိုင်းလွှတ်​ပေးလိုက်ရင်
ဂယူဗင်းက ရစ်ခီကိုပိုင်ဆိုင်နိုင်ခွင့်​တွေများ
ဆုံးရှုံးသွားမလားဆိုသည့်
အ​တွေး​တွေ​ကြောင့်ဖြစ်သည်။

ညီအစ်ကိုလို၊သူငယ်ချင်းလို တစ်​ယောက်​ယောက်ကို သ​ဘောကျစိတ်ဖြစ်မိတာကလည်း မ၀ံ့မရဲ
ခံစားချက်နှစ်ခုကြား လွန်ဆွဲ​နေသလိုပါပဲ။
ရင်းနှီး​နေတဲ့ အ​​နေအထား ပျက်သွားမှာလည်း ​ကြောက်ရသလို၊ စည်းတားပြီး​နေရင်းနဲ့
တစ်သက်လုံး ဒီစည်းကို မ​ကျော်နိုင်မှာလည်း
​တွေးပူရ​ပြန်သည်။

ဘယ်​လောက်ပဲ ချစ်တဲ့သူ ကို ​​ငေးကြည့်​နေရင် ​အဆင်​ပြေတယ်လို့​တွေး​တွေး၊ဂယူဗင်းက​တော့
ရစ်ခီ မျက်နှာ​လေးကို မြင်ရုံနဲ့တင် တစ်ဘ၀လုံး သိမ်းပိုက်ထားချင်စိတ်​တွေ တဖွားဖွား​ပေါ်​ပေါက်လာရတာကလည်း အတ္တ​တစ်ခုဖြစ်မယ်နဲ့ တူသည်။

​အောင်စာရင်းထွက်ပြီး ​နောက်တစ်​ခေါက်​တွေ့တုန်းကအာရန်းက ထပ်​မေးဖူးသည်။
အ​ခြေ​အ​နေ ဘယ်လိုလဲတဲ့။
ဂယူဗင်းက ခေါင်းခါပြလိုက်သည့်အခါ
" ဒီတိုင်းဆို နင်တို့ကို ​ဝေးပြီပဲ" ဆိုသည့် စကားသည် ဂယူဗင်းကို ပြန်​တွေးတိုင်း ​ကြောက်​ရွံ့​စေပါသည်။

အ​တွေး​တွေက မွန်းကြပ်လွန်းလို့ ဂယူဗင်းက
လုပ်လက်စအလုပ်​တွေကို ရပ်ပြီး ​လေညင်းခံဖို့
ခြံပြင် ခဏထွက်ထိုင်သည်​။

Go away;Come hereWhere stories live. Discover now