678 115 33
                                    

"ထ​တော့ ဂယူဗင်း ​နောက်ကျ​နေပြီ
​ကျောင်းကား​ရောက်ပြီ"

​မေ​မေ​​အော်သံ​ကြောင့် အိပ်ယာ​ပေါ်က​နေ မထချင်
ထချင်နဲ့ ဂယူဗင်းကုန်းထသည်။
​ရေချိုးခန်းထဲ၀င် သန့်ရှင်း​ရေးကို ၁၀မိနစ်နဲ့
အပြီးလုပ်ပြီး အ၀တ်စားလဲကာ
အမြန်ဆင်းလာခဲ့သည်။

"​​ရော့ ဒီမှာ မနက်စာပါတယ် ​​ချွမ်း​ရွေ့​လေးကိုလည်း ​
ကျွေးလိုက်ဦး"

​မေ​မေက ထမင်းဗူးအ​သေး​လေးကိုကိုင်ထားပြီး
ဂယူဗင်း ဖိနပ်စီး​နေတာကို ​​ဘေးကကြည့်​နေသည်။
မူလတန်း​ကျောင်းသား​လေး ဂယူဗင်းက
ဖိနပ်ကြိုးကို  ကိုယ်ဘာကိုယ်​ကောင်း​ကောင်းချည်တတ်​နေပြီ ဖြစ်သည်။

​ကျောင်းကား​ပေါ်အထိ ​မေ​မေက လိုက်ပို့​တော့
တာ့တာပြပြီး ခုံ​​နေရာကို တစ်ချက်လှမ်းကြည့်သည်။ဂယူဗင်း​ကျောင်းကား​ပေါ်မှာ ထိုင်တိုင်း​နေရာကို
ဒီလိုသတ်မှတ်ချက်နဲ့ရှာသည်။

​သေချာ​ပေါက် နှစ်​ယောက်စာလွတ်​နေတဲ့​နေရာဖြစ်ရမည်။

ဂယူဗင်းက ​​နေရာလွတ်ကိုမြင်​တော့ ၀င်ထိုင်ပြီး
​ဘေးက ခုံအလွတ်​​ပေါ်ကို လွယ်အိတ်​နဲ့ ထမင်းဗူး ကိုချထားလိုက်သည်။

ဂယူဗင်းကိုလာ​ခေါ်ပြီးရင် ​သေချာ​ပေါက်
ကျောင်းကားက ရစ်ခီအိမ်ကို သွားမှာ။

​ကျောင်းကား​ပေါ်မှာပါတဲ့ ဆရာမက​တော့ ဂယူဗင်းရဲ့ ဒီအကျင့်ကိုရင်းနှီး​​နေပြီးသားမို့လို့
ဘာမှ​တော့​ပြောမလာ​ချေ။
​ကျောင်းကားပထမဆုံးစီးတဲ့​နေ့ကတည်းက
ဂယူဗင်းက ဒီလိုလုပ်တတ်တာဖြစ်ပြီး မဟုတ်ရင်လည်း ​အော်ငိုတတ်​သေးသည်။

မိဘနဲ့ခွဲပြီး ​ကျောင်းကားစီးတာကို​တောင်
မငိုတဲ့ ဂယူဗင်းက ရစ်ခီ​နေမ​ကောင်းလို့ ​
ကျောင်းမတက်ဘူး ဆိုပြီး ​​ကျောင်းကားကို ​ပြောတဲ့အချိန်ကဆို ​သူလည်း​ကျောင်းမတက်ပါဘူးဆိုပြီး ​အော်ငိုလို့ ဘာလိုမှထိန်းမရတဲ့အဆုံး
ရစ်ခီ အိမ်မှာ ချ​ပေးခဲ့ရဖူးသည်။

ရစ်ခီအိမ်​ရှေ့ကား​ကျောင်း​ရပ်တဲ့အချိန် ကားတံခါး
ဖွင့်တာနဲ့ ဂယူဗင်းက ​အော်ပြီးနှုတ်ဆက်သည်။

Go away;Come hereWhere stories live. Discover now