10°

622 118 20
                                    

ဂယူဗင်းက အထုပ်​တွေကိုဆွဲပြီး ​အ​ပေါ်ထပ်က
သူ့အခန်းထဲကိုပဲ သယ်လာလိုက်သည်။
ထို့မှသာ ရစ်ခီက ဂယူဗင်း ကုတင်​ပေါ်မှာလှဲ
နေရာမှထလာပြီး ဂယူဗင်းလက်ထဲက
အထုပ်​တွေကို ဆွဲသယ်သည်။

"ငါ ယူလာတာ နည်းနည်း​တော့များသွားတယ်"
ရစ်ခီက ဂယူဗင်းကို ဟီးကနဲရယ်ပြပြီး
မျက်နှာချို​​သွေးသည်။

ဂယူဗင်းက ရတယ် ဆိုသည့်သ​ဘောနဲ့ ​
ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် ဘာမှဆက်မဖြစ်လာ။
ဂယူဗင်းကလည်း အထုပ်​တွေကို
​ဘေးကပ်​နေစဥ် ရစ်ခီကလည်း
ကုတင်​ပေါ်သွားထိုင်ပြီး ​ဟိုကြည့်၊ဒီကြည့်။ ရုတ်တရက်အခန်းတွင်း​​လေထုက
အနည်းငယ်​တော့ ကိုးယိုးကားရားနိုင်ပါသည်။

ဂယူဗင်းက ရစ်ခီကို​မျှော်​နေ​ပေမဲ့
တကယ်တမ်း​ပြန်​တွေ့လာချိန်မှာ​တော့
ဘယ်က​နေစကားစ​ပြောရမှန်းမသိ။
အဆင်​ပြေလား​မေးဖို့ကြ​​တော့လည်း
အဲ​လောက်ထိ စိမ်းသွားကြ​သေးတာမဟုတ်။
ရစ်ခီ အဆင်​ပြေ​နေတာသိ​နေတာပဲမလား။
အကြာကြီး​နေမှာလား၊ဘယ်​တော့ပြန်မှာလဲ
ဆိုသည့် စကား​တွေကို​တော့ ဂယူဗင်းက ​မ​မေးချင်။ရစ်ခီ ပြန်​ဖြေမည့် အ​ဖြေကိုလည်း  မကြားချင်။

"ဂယူဗင်း"

တိတ်ဆိတ်​နေသည့် အခန်း​တွင်းမှာ ရစ်ခီ
အသံ​လေးက လိုတာထပ်ပိုကျယ်​နေလျက်။
ဂယူဗင်းနားထဲ ပဲ့တင်သံ ကျနိ​နေသလို။

"ဟင် မင်းဘာလိုလို့လဲ"

ရစ်ခီက ​ခေါင်းခါသည်။ဂယူဗင်းက ​
ရစ်ခီကို ​ကြောင်ကြည့်​နေလျက်။

"ငါကို ​နောက်​နေတာလား မင်း"
ရစ်ခီမျက်နှာ​လေးက ပြုံးချင်​ယောင်သန်း​နေ​လို့
ဂယူဗင်းက ​ဒီလို မေးလိုက်ခြင်းဖြစ်သည်။

"ဖွီး"
ရစ်ခီက တခွီးခွီးရယ်​လေသည်။
ရစ်ခီရယ်​နေတာကို ​ငေးကြည့်ရင်း
ဂယူဗင်းလည်း ရယ်မိသည်။

ကင်ရစ်ခီ​လေးက
ဘာ​တွေများ ဒီ​လောက်​တောင် သ​ဘောကျ​နေတာလဲ။

အ​​နေခက်သည့် ​လေထုကိုဖြိုခွဲရင်း
ဟို​ပြော၊ဒီ​ပြောနဲ့ အ​ခြေ​နေက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ဂယူဗင်း အတွက် ရစ်ခီက
သူစိမ်းမဟုတ်။စိမ်းသွားစရာအ​ကြောင်းမရှိသလို၊
အ​နေခက်စရာလည်းမရှိနိုင်​တော့​ပေ။

Go away;Come hereWhere stories live. Discover now