12°

571 105 22
                                    

သူငယ်ချင်းကိုကြိုက်​နေ​ကြောင်း လက်ခံလိုက်ပြီး​နောက် ဂယူဗင်းလုပ်မိတဲ့အရာက ​
ရှောင်​နေခြင်းသာဖြစ်သည်။ ရစ်ခီကို​တော့မဟုတ်
ရစ်ခီ  အကြည့်​တွေကိုဖြစ်သည်။ရစ်ခီ နဲ့
မျက်လုံးချင်းဆုံတိုင်း ရင်ဘတ်ထဲမှာ လိပ်ပြာ​တွေပဲ
အ​ကောင်​ပေါင်းများစွာ ပျံ​နေသလို ခံစားရလွန်းလို့
ဂယူဗင်းက ရစ်ခီနဲ့ အကြည့်ချင်းမဆုံမိတဲ့အထိပဲ။

အရင်ကလည်း ကြိုက်​နေတာနဲ့တူတာပါပဲ
အဲထိအ​ကောင်း။ကြိုက်​နေတာ​ကို လက်ခံလိုက်ပြီးမှ ဂယူဗင်းက ရစ်ခီ​ရှေ့ဆို လိပ်ပြာမလုံချင်။

ညစာစားပြီး ဧည့်ခန်းထဲမှာ  ကင်မိသားစုနဲ့
ကင်အိမ်က သားအရင်းနီးပါး အ​ရေးပါတဲ့
ရစ်ခီ တို့က ဟို​ပြော၊ဒီ​ပြောနဲ့ အနားယူ​နေချိန်မှာ
ကင်ဂယူဗင်း​လေးက​တော့ ပန်းကန်​ဆေး​နေရသည်။
ရစ်ခီက​တော့ ကူလုပ်​ပေးမယ်​ပြောရှာသည်။
ဘယ်လိုစိတ်နဲ့များ ဂယူဗင်းက ခိုင်းရက်မှာလဲ။

ရစ်ခီအ​ပေါ် သူငယ်ချင်းထက်ပိုတယ်ဆိုတာကို
သိ​နေပြီး​နောက် ဂယူဗင်းက ရစ်ခီ ကို
ပိုးဥသလိုဥထားချင်တာ။​လေ​တောင်အတိုက်ခံချင်တာမဟုတ်။ ဒီစိတ်ကို ရစ်ခီ ကနားမလည်​တော့
ဂယူဗင်းက တစ်​ယောက်တည်းကြိတ်ပြီး
ဗျာများရ​သေးသည်။

"ဂယူဗင်း ငါတို့ ဒီတစ်​​ခေါက် ဒီကို သွားရ​အောင်
ငါတစ်​ခေါက်မှ မ​ရောက်ဖူး​သေးဘူး"

ရစ်ခီက ဖုန်းကိုကြည့်ပြီး မီးဖို​ချောင်ထဲထိ
၀င်လာသည်။ ဒီကို လို့သာပြောပြီး ​
နေရာအတည်အကျမ​ပြောသည့် ရစ်ခီ​ကြောင့်
ဂယူဗင်းက ​ဆေးလက်စ ပန်းကန်ကိုချကာ
ရစ်ခီ အနားသွားရသည်၊

"ပြဦး ဘယ်သွားမှာလဲ"

"ဒီကို​လေ ​​ရေချိုးခန်း ​​"

ရစ်ခီ ပြသည့် ​​ရေချိုးခန်းကို ကြည့်ပြီး ဂယူဗင်းက ချက်ချင်း​ခေါင်းခါလိုက်သည်။

"မ​ကောင်းဘူး  "

​​​ရေချိုးခန်းသွားပြီး ​ရေချိုးရင် ကင်ရစ်ခီ
ခန္ဓာကိုယ်​လေးကိုတခြားလူ​တွေမြင်မှာ​ပေါ့။
ဂယူဗင်းက ရစ်ခီကို ​သေး​သေး​လေးလုပ်ပြီး
သိမ်းထားချင်တဲ့အချိန်​ရောက်မှ ကင်ရစ်ခီက
​​​ရေချိုးခန်း​ကို​တောင် သွားဖို့လုပ်​နေ​သေးတယ်။

Go away;Come hereWhere stories live. Discover now