EXTRA

787 118 54
                                    

ကင်ရစ်ခီ​လေးက ဂယူဗင်းကို
သ​ဘောကျ​နေမှန်းသိ​ပေမဲ့လည်း  LA မှ မလာရင် ပြန်မကြိုက်​တော့သလိုလို​ပြော​နေတဲ့က​င်ရစ်ခီအလိုကျ LA ကို ချက်ချင်းသွားဖို့လုပ်ရသည်။

ချက်ချင်းဆိုတာ ကြားထဲ ၃၊၄ရက် ကြာသည်။
ကင်ရစ်ခီက​တော့ ထို၃၊၄ရက်အတွင်း
စိတ်​ကောက်လိုက်၊စိတ်ဆိုးလိုက်
လုပ်တာ ဘယ်နှစ်ကြိမ်မှန်းမသိ။

အ​ကြောင်းရင်းက​တော့ သူ့ ဆိုးလ်မှာ
ရှိ​နေတုန်းက​တော့ မဖွင့်​ပြောဘဲ LA ပြန်မှ
ဖွင့်​ပြောလို့ပါတဲ့။ ဂယူဗင်းလည်း ​နောင်တရပါသည်။ အစကတည်းက​ပြောလိုက်ရင်
ဖက်အိပ်လို့ရချင် ရဦးမှာ။

​နောက်ပြီး သတင်း​ကောင်းတစ်ခုက​တော့
ဂယူဗင်း ​ရေကုန်​ရေခမ်းကြိုးစားထားတဲ့
စာ​မေးပွဲအမှတ်က ရစ်ခီ နဲ့အတူတူ
တစ်​ကျောင်းတည်းတက်ဖို့အထိ မှီပါသည်။
​အဲသတင်းကြားကြားချင်း ဂယူဗင်းက ​ပျော်လွန်းလို့ ​ဘေးက ကင်ရစ်ခီ​လေးကို သွားဖက်မိသည်။
ရလဒ်က​တော့ အသက်ရှူကြပ်ပါတယ်ဆိုပြီး
ဂယူဗင်း အ​အော်ခံလိုက်ရတာပါပဲ။

ဂယူဗင်းက ​​ကျောင်း​ပြောင်းဖို့ပြင်​​နေတာနဲ့တင် ​​ကျောင်းဖွင့်ရက်​ကျော်သွားတာနဲ့ ​နောက် ​
ကျောင်းဖွင့်ရက်မှ တက်ဖို့ စီစဥ်လိုက်ရသည်။​
ကင်ရစ်ခီ​လေးကို ​ကျောင်းလိုက်ပို့၊​
ကျောင်းပြန်ကြို ၊ အားတဲ့အချိန်ဆို အင်္ဂလိပ်စာ ​လေ့လာလိုက်နဲ့ပဲ အချိန်ကုန်​နေရပါသည်၊

ငယ်ငယ်က အင်္ဂလိပ်စာသင်တုန်းက
ဂယူဗင်း ကြိုးစားသင်ခဲ့ရင် အခု
အဲ​လောက်ထိ ကြိုးစား​နေရမှာမဟုတ်။
ငယ်ငယ်က ကင်ရစ်ခီ တက်လို့
လိုက်တက်တာက လွဲရင် ဂယူဗင်းက
အဲ​လောက်ထိစာသင်ရတာကို ဝါသနာမပါ​ပေ။

ဂယူဗင်းဝါသနာက ကင်ရစ်ခီ​လေးကို
လိုက်စတာ ဖြစ်​လောက်မည်။ 
သင်တန်းမှာသင်တုန်းက မှတ်မိတာဆိုလို့
L-O-V-E ဆိုသည့် စာလုံးဖြစ်သည်။
အရမ်းငယ်တဲ့ အရွယ်မို့လို့ စာလုံး​ပေါင်း​တွေ
မှတ်ရတာ ခက်​ပေမဲ့ အဲတာက ချစ်တယ် ဆိုသည့် အဓိပ္ပါယ်ရှိ​ကြောင်း သိရတာနဲ့ ဂယူဗင်းက​တော့ ​ဘေးက ကင်ရစ်ခီ​လေးကို ​နေ့တိုင်းလိုက်​ပြော​နေမိသည်။

Go away;Come hereWhere stories live. Discover now