579 117 21
                                    

တီတီက သူတို့ရှန်ဟိုင်းမပြန်ခင်
တစ်ရက်ရက်​​လောက် ဂယူဗင်းကို ရစ်ခီ နဲ့
တူတူလာကစားပြီး၊အိပ်​စေသည်။

တစ်​နေ့လုံး မုန့်​တွေ​​လျှောက်စား၊​
လျှောက်ကစား​နေ​တော့ ခွဲရမယ့် ကိစ္စကို​တောင်
နှစ်​ယောက်သားက ​မေ့ချင်ချင်ဖြစ်​နေသည်။
အခုလည်း ရစ်ခီ အခန်းထဲမှာ ဂယူဗင်းတို့
ဂိမ်း​ဆော့ဖို့ ပြင်နေကြသည်။

ရစ်ခီက စက်ဆင်​နေတုန်း ဂယူဗင်းက
သူ့ကျောပိုးအိတ်ထဲက ရစ်ခီ စာအုပ်​တွေကိုထုတ်ပြီး စာကြည့်စားပွဲ​ပေါ်တင်​သည်။

ဂယူဗင်းစိတ်ထဲမှာ ရစ်ခီက ဒီမှာ​နေခဲ့မှာဆိုပြီး ​
မျှော်လင့်​နေတုန်းပဲ။အဲတာ​ကြောင့်
စာ​တွေ​တောင် ​နေ့တိုင်းကူး​ပေးထားသည်။

"ဘာဂိမ်း​ဆော့မှာလဲ လိပ်နင်ဂျာဂိမ်း​​ဆော့မှာလား?"

"ဟင် အင်း ​ဆော့မယ် အဲတာ"

ဂယူဗင်းက ရစ်ခီကိုမသွား​စေချင်တာ ရစ်ခီ
သိသွားမှာလည်း ရှက်​သေးသည်။စာအုပ်​တွေကို
အမြန်စားပွဲ​ပေါ်တင်ပြီး ဂယူဗင်းက ရစ်ခီ နဲ့
အတူတူဂိမ်း​ဆော့ဖို့ ​ပြေးသွားလိုက်သည်။

နှစ်​ယောက်သား ဂိမ်း​ကိုအသည်းသန်​ဆော့​နေကြရင်း
ပထမတစ်ပွဲမှာ ဂယူဗင်းက ​နိုင်သွားသည်။
ငဂျစ်​လေး ရစ်ခီက မျက်နှာ​လေး
နည်းနည်းရှူံ့မဲ့ချင်လာသည်။

"ငါ ဒီတစ်ပွဲ မင်းကို နိုင်​အောင်​ဆော့ပြမယ် ကြည့်​​နေ"

ရစ်ခီက ဂယူဗင်း​လောက် မြန်မြန်မလုပ်နိုင်ဘူး။
ဂယူဗင်းက ဂိမ်း​ဆော့တာလည်းသွက်သည်။
ဒုတိယတစ်ပွဲလည်း ဂယူဗင်းပဲ နိုင်သွားသည်။

"​ ငါ နိုင်သွားပြန်ပြီ ​ရေး.."

ဂယူဗင်းက ဂိမ်းစက်ကို လက်မှာကိုင်ထားရင်း
လက်သီးလက်​မောင်းတန်းကာ ထ​​​​အော်သည်။

ရစ်ခီက နှုတ်ခမ်း​လေးဆူကာ
မျက်လွှာချတာမြင်​တော့ ဂယူဗင်းက
အော်​နေတာရပ်လိုက်ပြီး ငြိမ်ငြိမ်​လေးပြန်ထိုင်သည်။

"​နောက်တစ်ပွဲဆက်​​ဆော့ရ​အောင်"

"မ​ဆော့ပါဘူး မင်းပဲ နိုင်​နေတာကို"

Go away;Come hereWhere stories live. Discover now