587 131 33
                                    

ဟို​ရောက်ရင် ဖုန်းဆက်မှာလို့​ပြောသွားတဲ့
ရစ်ခီက ဟို​ရောက်​ရောက်ချင်း ​ရောက်​ကြောင်းဖုန်းဆက်​ပြောလာသည်။ ဒါပါပဲ။ ​
နောက်ပိုင်းအဆက်သွယ်​တွေ​တော့ နည်းသွားသည်။

မနက်မိုးလင်းကတည်းက ညမအိပ်ခင်အထိ
အတူတူရှိလာပြီးမှ ဖုန်း​ထဲက​​နေပဲ စကား​ပြောရတာ​ကို ဂယူဗင်းကသိပ်ပြီး​နေသားမကျ​ချေ။

အ​ဖော်မဲ့သွားလို့ ​ကျောင်းလည်း
ဂယူဗင်းကပုံမှန်မသွားဖြစ်​တော့ပါ။
အတန်း​ဖော်​တွေက "ရစ်ခီ ဘယ်လိုဖြစ်ပြီး
​ကျောင်း​ပြောင်းသွားတာလဲ" ဆိုတဲ့
အ​မေးစကား​တွေကိုလည်း  ဂယူဗင်းက
လိုရင်းတိုရှင်း​ဖြေရတာကို ​​မောလှသည်။အမှန်ဆို
အဲဒီကိစ္စကို ဂယူဗင်းက ​မေ့ထားချင်ဆုံးပဲ။

အချိန်တစ်ခု​ရောက်တဲ့အခါမှာ​တော့ ရစ်ခီက ​
နေ့တိုင်းနီးပါး ဖုန်းဆက်တာမျိုး​လည်း
မရှိသလို၊ဂယူဗင်းကလည်း ​နေ့တိုင်းဖုန်းဆက်တာမျိုးမရှိ။မျက်နှာချင်းဆိုင်​တွေ့​နေတုန်းက
​ပြောစရာမကုန်သ​လောက် ဖုန်းဆက်တဲ့အချိန်မှာ ​ပြောစရာက များများစားစားမရှိ။

ရစ်ခီ က​ကျောင်း​ပြောင်းပြီး ​
နေသားမကျဘူးဆိုတာကို​တော့
ဂယူဗင်းကသိရပါသည်။ဒါကိုလည်း
ရစ်ခီ​ပြောပြထားလို့သာ။ ရစ်ခီက ဖုန်းထဲမှာ
သူ့​အဲဒီမှာ​နေသားမကျ​ကြောင်း၊
ပြန်လာချင်​ကြောင်း​တွေ​ပြောမယ်၊
ဂယူဗင်းက အဆင်​ပြေဖို့နှစ်သိမ့်​ပေးမယ်၊
ပြီး​တော့ ဂယူဗင်းက ဒီက ကိစ္စ​တွေနည်းနည်း
ပြန်​ပြောပြမယ်။ အဲလိုနဲ့ပဲ သံသရာလည်​နေ​ပါတယ်။

သစ်ရွက်​တွေ​ကြွေမယ်၊ပြန်ပွင့်လာမယ်၊​
နှင်းကျမယ်၊​နေပူမယ် ပြီးရင် ပြန်​နှင်းကျမယ်။
ဥတု​တွေအလီလီ​ပြောင်းပြီးသွားတဲ့အခါမှာ​တော့
ရစ်ခီက ဖုန်းဆက်တဲ့ အကြိမ်​ရည်နည်းသွားသလို၊ ပြန်လာချင်​ကြောင်း၊အဆင်မ​ပြေ​ကြောင်း​ပြောတာ​တွေလည်းမရှိ​သ​​လောက်ဖြစ်သွားသည်။

ဂယူဗင်းကလည်း အလယ်တန်းတစ်နှစ်လုံး
​​အ​ဖော်မဲ့​နေသလို ခံစားခဲ့သ​လောက်၊
အထက်တန်း​ကျောင်းသို့​ပြောင်းတဲ့အခါမှာ သူငယ်ချင်းအသစ်​တွေရလာသည်။
ဒါ​ပေမဲ့ ဂယူဗင်းအတွက်က​တော့ ရစ်ခီကိုခင်သလို
ခင်ရတဲ့သူမ​ပေါ်လာ​သေး။

Go away;Come hereWhere stories live. Discover now