633 113 27
                                    

စာသင်ချိန်​တွေထဲမှာ အ​ပျော်ဆုံးအချိန်ကို​
ပြောပါဆိုရင် ကာယ အချိန်လို့ ဂယူဗင်း​ဖြေမည်။ စာမသင်ဘဲ ​ဆော့​နေရတာ အရမ်း​ပျော်ဖို့​ကောင်းသည်။

ဒီ​နေ့ အားကစားချိန်မှာလည်း ဆင်တူ
အားကစား၀တ်စုံ​​လေး​တွေ ​၀တ်ပြီး
အပြင်ထွက်​ဆော့ရပြန်သည်။ ​သတ်မှတ်ထားသည့် ကစားနည်းရယ်လို့မရှိဘဲ ​က​လေး​တွေကို
ကိုယ်လက်လှုပ်ရှားဖြစ်​အောင်သာ ​ဆော့ခိုင်းတာမို့လို့
ကိုယ်ကြိုက်ရာ ကိုယ်​ဆော့လို့ရသည်။

ဂိုးသွင်း​ကောင်းတဲ့ ကိုကို ဖြစ်ချင်တဲ့
ရစ်ခီက​တော့ ​ဘောလုံးကန်ဖို့ တာဆူ​နေသည်။

ဒါ​ပေမဲ့ ဂယူဗင်းက ​စီး​​ဆောစီးချင်တာ။
ဒါဆို ကင်ရစ်ခီ​လေးနဲ့ နှစ်​ယောက်သား မျက်နှာချင်းဆိုင်ပြီး စကား​ပြောလို့လည်းရသည်။ ပြီး​တော့ သူတို့နှစ်​ယောက်တည်း ​ဆော့တာဖြစ်လို့
ရစ်ခီက ဘယ်သူကိုမှ အာရုံမစိုက်​တော့ဘူး။

ရစ်ခီထိုင်​နေသည့် ဘက်ခြမ်းက အ​ပေါ်မြင့်တက်သွားတဲ့အခါမှာ ရစ်ခီက သွားဖုံး​လေး​တွေ​
ပေါ်​အောင်ပြုံးတတ်သည်။  ဂယူဗင်းက​ ရစ်ခီ
ပြုံးတာကို အရမ်းသ​ဘောကျသည်။
အဲလိုအခါမျိုးဆို အရူး​လေးလို
လိုက်ပြုံး​နေတတ်သည်။

အခု​တော့ ​ဘောလုံးကန်ရ​တော့မယ်။
ဂယူဗင်းက မကန်ချင်​ပေမဲ့လည်း ကူပြီး
ကန်​ပေးရဦးမည်။ ရစ်ခီက​တော့ ဂယူဗင်းကို
တူတူ​ဆော့​ပေးဖို့  မ​​ခေါ်ပါဘူး။
"မင်းကြိုက်တာ မင်း​ဆော့​လေ" ဆိုပြီး ​ပြောသည်။
ဂယူဗင်းက​တော့ ရစ်ခီကို ​ခေါ်​စေချင်သည်။

ဒါ​ပေမဲ့ စဥ်းစားကြည့်​လေ စီး​ဆော စီးပါတယ်ဆို
မှ တစ်​ယောက်တည်းစီးလို့ဖြစ်မလား။
ပြီး​တော့ ဂယူဗင်းက ရစ်ခီနဲ့ပဲ တူတူစီးချင်တာ။

ကွင်းထဲမှာ  ၄၊၅ ပတ်​လောက်( ရစ်ခီ အ​ပြော ​ဘောလုံးကန်တယ် ​ပေါ့​လေ။ ဂယူဗင်းက​တော့ ​ဘောလုံးလိုက်လုတယ်လို့ သတ်မှတ်သည်။ ရစ်ခီက မကစားတတ်ဘူး။ ​ဘောလုံးကို လိုက်လုတာ။ ) ​
ပြေးပြီး​တော့ ရစ်ခီက ​ဟောဟဲလိုက်ချင်​နေပြီ။

"ငါတို့ နားကြမယ်"

ဂယူဗင်းကရုတ်တရက်ကြီး ကွင်းလယ်မှာ ရပ်ပြီး
ထ​​​​​အော်သည်။ အတန်း​ခေါင်း​ဆောင်ပါဝါအပြည့်၊ ​ဘောလုံးအသင်းရဲ ​ခေါင်း​ဆောင် ရာထူးကို ​
ကောင်းစွာအသုံးချသည်။

Go away;Come hereWhere stories live. Discover now