623 111 27
                                    

"နည်းနည်း​လေးကြီးလာတာနဲ့ကို
ကင်ဂယူဗင်းတို့ အိမ်ကိုမကပ်​တော့ဘူး
အခုလည်း ဘယ်သွားဦးမလို့လဲ"

​မေ​မေက အသက်ရ လာလို့ထင်သည်။
အရင်ကလိုမဟုတ်​တော့။နည်းနည်း​လေး
ပစိပစပ်များလာပြီး ဇီဇာ​ကြောင်လာသည် လို့
ဂယူဗင်း ထင်သည်။ တစ်ခုခုဆိုလည်း
စိတ်တိုင်းမကျသည်က များသည်။

"ရစ်ခီ နဲ့ တင်းနစ်သွားရိုက်မလို့"

အမှန်ဆို ဂယူဗင်းက ရစ်ခီ နဲ့သွားမယ့်ကိစ္စကို
အ​စောကတည်းက​ပြောခဲ့ပြီးသား။
ဒါကို ​မေ​မေက ခဏခဏ​မေးသည်။
လူကြီး​လေးဖြစ်လာသည့် ဂယူဗင်းကလည်း
​မေ​မေက သူ့ကို ချုပ်ခြယ်သည်ပဲထင်သည်။

"​တင်းနစ်သွားရိုက်မယ်ဆိုလည်း အဲဒီကိုပဲသွား
ဟို၀င်ဒီထွက်​တော့မလုပ်နဲ့ ​​​စော​စောလည်းပြန်လာဦး"

လမ်းကြိုက်သည့် ဂယူဗင်းအ​ကြောင်းသိ​နေ​တော့ ​
မေ​မေက အမြဲ မှာသည်။ ​သေချာ​ပေါက် ဂယူဗင်းကလည်း ဒီဘက်နားက၀င်၊ဟိုဘက်နားကထွက်​ပေါ့။

"အို​ကေပါဗျာ သွားပြီ​မေ​မေ"

***

"ကင်ရစ်ခီ ထွက်ခဲ့​​တော့ ငါလမ်းထိပ်မှာ​
စောင့်​နေမယ်"

ဂယူဗင်းက ဖုန်းဆက်ပြီးသာ ရစ်ခီကို
လှမ်းချိန်းလိုက်​တော့သည်။ လူပျို​ပေါက်​လေးဖြစ်လာသည့် ရစ်ခီက အရင်ကလိုမဟုတ်​တော့၊အရမ်း ပဲများချင်လာတာ။ဆံပင်အ​​ရောင်ဆိုးချင်တာနဲ့ပဲ တီတီကို ဆံပင်ဆိုးလို့ရတဲ့ ​ကျောင်း​​ပြောင်း​​ပေးဆိုပြီး ပူဆာ​သေးတယ်။ ​

ပြီး​တော့ ဂယူဗင်း​​ပြောသမျှကို ဘာမှပြန်မ​ပြောဘဲ မျက်​ထောင့်နီကြီးနဲ့ ကြည့်တတ်တဲ့ အကျင့်
အစား သိသ​လောက်၊တတ်သ​လောက်
ကိုရီးယားစကားနဲ့ သူကျွမ်းပါချည်ရဲ့ ဆိုတဲ့
အင်္ဂလိပ်စကားကို ​ရောပြီး ဂယူဗင်းကို
မနိုင်နိုင်​အောင် ရန်ပြန်​တွေ့တတ်တဲ့
အကျင့်​အသစ်​လေး​ရလာသည်။

ဂယူဗင်းက​တော့ ရစ်ခီက ရန်​တွေ့တာ​လေးက
ချစ်ဖို့​ကောင်းတယ်လို့ထင်​နေဆဲ။အဲတာ​ကြောင့် ​
နေ့တိုင်း ရစ်ခီ ကို လိုက်စဖြစ်​သည်။

Go away;Come hereWhere stories live. Discover now