11°

676 123 35
                                    

"မင်းစားချင်တာရှိရင် စား​နေလိုက်​သိလား
မလုပ်တတ်တာရှိရင် ငါကို ​ပြော လုပ်​ပေးမယ်
ပျင်း​နေလည်း ခဏ​တော့သည်းခံ လူရှင်းရင်
မင်း နားလာခဲ့မယ် "

ဂယူဗင်းက ရစ်ခီကို စိတ်မချသလို တဖွဖွမှာသည်။
ရစ်ခီ လိုက်ချင်ပါတယ် ဆိုသည့်
ဂယူဗင်းအချိန်ပိုင်းလုပ် သည့် ​
ဆိုင်ကို​ခေါ်လာခဲ့ခြင်းဖြစ်သည်။

ဆိုင်ရဲ့တည်​နေရာ​ကြောင့် လူ​တော့သိပ်မရှုပ်တတ်​
ပေမဲ့ လူပါး​နေတာမျိုးလည်း မဟုတ်ရပါ။

ရစ်ခီက​တော့ ဂယူဗင်း​ပြောသည့် ​
နေရာ​လေးမှာထိုင်​နေရင်း
တစ်ခုပြီး တစ်ခု ထိုင်စား​နေသည်။ဖုန်းကိုလည်း
အကြည့်မပျက်ဖြစ်​နေရာ တစ်ခါတစ်​လေဆို
ဝါးရာမှာကို​မေ့ပြီး
ပါး​စောင်ထဲငုံ့ထားတတ်​သေးသည်။

အဲလိုအချိန်မျိုးဆို ဂယူဗင်းက ရစ်ခီ
ပါး​လေး​တွေကို ကိုင်ပြီး "ငုံမထားရဘူး ဝါး​လေ"
ဆိုပြီး သွား​ပြောချင်တာ မတရား။

ရစ်ခီ လိုက်လာတာနဲ့ ဂယူဗင်းက
အလုပ်ထဲ​တောင် အာရုံမစိုက်နိုင်ဖြစ်​​နေရပြီ။
အဲတာ​ကြောင့် မ​ခေါ်လာချင်တာ။

အခုလည်း မူလတန်းက​လေး​တွေက ဝိုင်းပြီး
ကိုကြီး ​ဒီမုန့်​လေး​ဖောက်​ပေးပါဦး၊ ကိုကြီး
ဒါ​လေးဖွင့်​ပေးပါဦး နဲ့ ရစ်ခီ​ဘေးသွားပြီးတစာစာ။

က​လေး​တွေခိုင်းတာလုပ်​ပေးပြီးရင်
ဟိုကမုန့်ပြန်​ကျွေးသွားတာကို
စားလိုက်လုပ်​နေ​သေးတာ။ဘယ်​လောက်​တောင် ​ပျော်​နေလဲဆိုရင် သွားဖုံးရဲရဲ​လေး​တွေ​ပေါ်​အောင်ကို
ရစ်ခီက ပြုံး​နေတဲ့အထိပဲ။

အဲ​လောက်ထိ က​လေး​တွေထက် ပိုချစ်စရာ​ကောင်းစရာလိုလို့လား။သူတို့မုန့်​ဖောက်ခိုင်းရင် ​
ဖောက်​ပေးပြီး ဖုန်းပဲ ပြန်သုံး​နေလိုက်ပါလား။တကယ်ပဲ ကင်ရစ်ခီတို့များ ​။

"အစ်ကို ဒါ​လေး ပိုက်ဆံ!"

"ဗျာ ​အော် ဟုတ်ကဲ့ ဟုတ်ကဲ့"

ဧည့်သည်ရဲ့ စိတ်မရှည်တဲ့အသံကြားမှ
ဂယူဗင်းသည် အာရုံလွင့်​နေမှန်းသတိထားမိသည်။​စျေးတွက်ပြီး ထွက်သွားချိန်မှာလည်း
အမြန်ပြုံးပြလိုက်​ရ​သေးသည်။

Go away;Come hereWhere stories live. Discover now