အပိုင်း (၁)

25K 145 4
                                    

ပန်းလှရွာကလေးကမြင်းခြံကနေဆက်သွားလိုက်ရင် ထန်းလှရွာ၊ သာပေါင်းရွာ၊ မြစ်သာငယ်ရွာတို့နဲ့တဆက်တည်းဖြစ်ပြီး အညာဒေသပီပီပူပြင်းခြောက်သွေ့လှတဲ့ရွာလေးတစ်ရွာပေါ့။ဒါပေမယ့် ထန်းပင်တွေထိုးထိုးထောင်ထောင်ရှိပြီး၊ မန်ကျည်းပင်တွေကအုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့ နွေအခါဆိုအရိပ်အာဝါသကောင်းလှတဲ့ရွာလေးလည်းဖြစ်တယ်။ ရွာလေးမှာနေထိုင်တဲ့သူတွေကလည်းလယ်ယာစိုက်ပျိုးရေးကိုပဲအဓိကထားလုပ်ကိုင်ကြပြီး နေဝင်မိုးချုပ်အလုပ်နဲ့လက်မပြတ်ရှိကြတယ်။ ယောင်္ကျားသားတို့မည်သည်လည်းယောင်္ကျားသားတို့အလုပ်၊ မိန်းမသားတွေဆိုလည်းမိန်းကလေးအလုပ်နှင့် ကလေးနဲ့အိုကြီးအိုမအရွယ်ကလွှဲ၍ကျန်အရွယ်ကောင်းသူအကုန်လုံးအလုပ်လုပ်ကြရတယ်။ နွေရာသီမှာ ပဲ၊ပြောင်း၊ဝါစသည့်ဖြင့်စိုက်ကြပြီးမိုးရာသီဆိုရင်ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြကာနီးစပ်ရာဖြစ်တဲ့မြင်းခြံမြို့မှာသွားရောက်ကာရောင်းဝယ်ဖောက်ကားကြပါတယ်။

ရွာအဝင်လမ်းတလျှောက်အုပ်အုပ်ဆိုင်းဆိုင်းရှိလှတဲ့မန်ကျည်းပင်တွေအောက်မှာတော့ ဖုန်အလိမ်းလိမ်းထလျက်နွားလှည်းတွေကခေါက်တုံ့ခေါက်ပြန်သွားလာနေကြတယ်။ ပန်းလှရွာတရွာလုံးလည်းအုတ်အော်သောင်းနင်းဖြစ်ကာ နီးစပ်ရာရွာကလူတွေလည်းလာရောက်နေကြတယ်။ တရွာနဲ့တရွာဆွေမကင်းမျိုးမကင်းတွေမို့သူ့အိမ်မှာငါနေ၊ ငါ့အိမ်မှာသူနေစသဖြင့် ပန်းလှရွာသူကြီးသမီး မငွေနှင်းရဲ့မင်္ဂလာဆောင်ကိုလာအားပေးကြတာပါ။ မင်္ဂလာဆောင်မယ့်မိသားစုနှစ်စုကလည်းရွာမျက်နှာဖုံးသူဌေးသူကြွယ်တွေဖြစ်ကြတော့ ပန်းလှရွာတဝိုက်မှာအကြီးကျယ်ဆုံးမင်္ဂလာပွဲပဲဟုလူတွေကသမုတ်နေကြတယ်။ မင်္ဂလာမဆောင်ခင်တရက်အလိုကနေ မြို့ပေါ်ကဇာတ်သဘင်ကိုငှါးရမ်းထားတော့လူတွေတိုးမပေါက်စည်ကားလွန်းလှတယ်။ ညဘက်ဆိုဇာတ်ပွဲကြည့်၊ နေ့လည်ဆိုသူကြီးသမီးအလှမလေး သတိုးသမီးလောင်းမငွေနှင်းကိုကြည့်နဲ့ပျော်မဆုံးမော်မဆုံးရှိနေကြတယ်။ 'အယ်..မငွေနှင်းကိုရတဲ့ဒင်းကတော့သိပ်ကံကောင်းတာပဲအေ' 'အလိုတော်...တရွာတပြည်ကယာပိုင်ရှင်သူဌေးသားဥစ္စာပေါရုပ်ချောကိုရတဲ့ဒင်းကရောကံမကောင်းလို့လား' 'တူပါ့မလားစာဥရေ...ဟိုကပန်းလှရွာမကလို့အနီးနားရွာတွေမှာပါနာမည်ကြီးတဲ့မငွေနှင်းကိုရတာလေ..သင်းကပိုက်ဆံရှိတာတခုပဲ..တခြားသူဌေးသားတွေလည်းမငွေနှင်းကိုလာတောင်းကြတာပဲ..သူတို့နဲ့ကျမပေးစားဘဲသူကြီးကခုတျောက်ကိုပဲရွေးတာလေ..သင်းကံကောင်းတာပေါ့' အလှူမှာကျွေးမယ့်ထမင်းဟင်းချက်ပြုတ်နေကြတဲ့အဖွဲ့မှာပြောနေကြတဲ့စကားလေးတခွန်းစနှစ်ခွန်းစပေါ့။ ဒီနေ့ကတော့မင်္ဂလာဆောင်ရက်ဆိုတော့လူတွေကပိုစည်ကားနေတယ်။ ရွာသူကြီးအိမ်မှာလည်းအမျိုးတွေ၊ မြို့ပေါ်ကဧည့်သည့်တွေနဲ့ပြည့်နေကြပြီးတယောက်တခွန်းစကားတွေကြောင့်ဆူညံပွတ်လောရိုက်နေတယ်။ အိမ်အပေါ်ထပ်မှာတော့သတိုးသမီးလောင်းမငွေနှင်းကအလှပြင်နေတယ်။ ရွှေဖလားရောင်သတိုးသမီးဝတ်စုံလေးနဲ့လှချင်တိုင်းလှနေတဲ့မငွေနှင်းကတော့လူပြောချင်လည်းပြောစရာကောင်းအောင်လှနေတာပဲလေ။

သူကြီးသမက် ထွန်းညိုWhere stories live. Discover now