အပိုင်း (၉)

7.7K 69 0
                                    

မြင်းခြံမြို့ပေါ်လှုပ်လှုပ်သဲသဲဖြစ်နေတဲ့နိုင်ငံရေးဂယက်တွေကနီးစပ်ရာရွာငယ်လေးများအထိရိုက်ခတ်လာတယ်။ တချို့ရွာများထဲသို့လက်နက်ကိုင်ပုလိပ်တပ်တွေဝင်ရောက်ကျူးကျော်တာတွေရှိနေတော့ ရွာတိုင်းအသင့်ပြင်ထားကြရတယ်။ ပန်းလှရွာကလည်းမြင်းခြံမြို့နဲ့မနီးလှသည့်တိုင်အလှမ်းကွာလွန်းသည့်ရွာမဟုတ်တော့အချိန်မရွေးဆိုသလ်ိုရောက်လာနိုင်တယ်မဟုတ်လား။ မနက်စောစောစီးစီးခြံရှေ့ကို ဆံပင်ဘုတ်သိုက်နဲ့အဝတ်တွေညှင်းသိုးသိုးရှိလှတဲ့လူတျောက်ရောက်လာပြီး 'ကံပေါ်..ဒါကံပေါ်တို့အိမ်လားခင်ဗျ'။ ခြံရှေ့ကလူကြောင့်ကိုမြတ်သာနဲ့ထွန်းညိုကထွက်လာကြပြီး 'ဟုတ်တယ််..ဘာကိစ္စရှိလို့လဲဗျ.' 'ကျတော်ကံပေါ်နဲ့တွေ့ဖို့လိုလို့ပါ.သူရှိရဲ့လား' 'သခင်နေဗလလား...လာ..အ််ိမ်ထဲဝင်ဗျ' ဆိုကာနောက်မှထွက်ပေါ်လာတဲ့ကံပေါ်ကိုလှည့်ကြည့်လိုက်ပြီး သူ့ရဲ့ဖိတ်ခေါ်မှုကြောင့်ခြံဝိုင်းတံခါးကိုဖွင့်ပေးလိုက်ရတယ်။ 'ဘယ်လိုဖြစ်လာတာလဲ..သခင်နေဗလ' 'ငါတို့သခင်တွေအကုန်အဖမ်းခံရပြီ..ငါကသတင်းရတာနဲ့ညတွင်းချင်းပဲအရူးဟန်ဆောင်ပြီးဆင်းလာတာ..မင်းရှိတဲ့ရွာကလုံခြုံမှာဆိုတော့ငါလည်းမင်းဆီပဲတန်းလာခဲ့တာ' 'အကိုရွေးချက်တာမှန်ပါတယ်..ကျတော်တို့ရွာကတော့ခုထိလုံခြုံသေးတယ်..ဒီမှာပဲအေးဆေးသက်သာနေပါ..ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပါ' ဆိုပြီးဧည့်ခံနေတော့ အိမ်ရှိလူအကုန်တိတ်ဆိတ်စွာနားထောင်နေကြရမှ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ ဧည့်သည်အတွက်အခန်းပြင်ပေးရ၊ ရေချိုးဖို့ရေပြင်ပေးရနဲ့ ညတွင်းချင်းပြေးလာရတာကြောင့်အဆာပြေတခုခုစားဖို့ပါစီစဉ်ရနဲ့ ငွေနှင်းတို့မိန်းမသားတတွေအလုပ်များသွားကြရတယ်။ ရေမိုးချိုးသန့်စင်ပြီးသွားတဲ့သခင်နေဗလဆိုသူမှာ အလွန်ပင်ကြည့်ကောင်းလှ၏။ မျက်ခုံးထူထူ၊ ပါးရိုးကျလှလှနဲ့ ခပ်ထူထူနှုတ်ခမ်းသားတွေကနှုတ်ခမ်းမွေးတွေနဲ့လွန်စွာလိုက်ဖက်လွန်းတယ်။ ဆံပင်ရှည်ကိုတော့ကျော့ရှင်းစွာဖြီးသိမ်းထားပြီး သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့အဝတ်အစားတွေကလည်းအသားဖြူဖြူကြီးပေါ်ပနံတင့်လျက်ရှိတယ်။ ကံပေါ်နဲ့ပဲစကားစမြည်ကျကာသူတို့အချင်းချင်းသာတတွတ်တွတ်နဲ့ပြောနေကြတယ်။ ထွန်းညိုနဲ့မြတ်သာကတော့ဘေးကထိုင်ကာသူတို့ပြောသမျှနားထောင်နေကြတယ်။ 'ဒီလိုပုံမျိုးအတိုင်းသာဆိုတို့သခင်တွေအကုန်အဖမ်းခံရမှာပဲ...ပါတီတွေကလည်းကွဲလိုက်ကြတာ..ဟိုပါတီကဒီပါတီကိုတိုက်၊ ဒီပါတီကတခြားပါတီကိုတိုက်နဲ့တို့ဗမာအချင်းချင်းစိတ်ဝမ်းကွဲနေကြတာတော်တော်ဆိုးတယ်ကွာ' 'ဟုတ်တယ်..ကိုနေဗလ...ကျတော်တ်ို့တွေဒီအတိုင်းသာသွားနေရင်လွတ်လပ်ရေးကတော့ဘယ်တော့မှရမှာမဟုတ်တော့ဘူး..'။ ကံပေါ်တို့ပြောနေမှလည်းမဟုတ်ဘူး။ အခုဆိုမြို့ပေါ်သာမကရွာမှာပါနိုင်ငံရေးဂယက်တွေကကူးစက်လာခဲ့ပြီးအယူဝါဒတွေ၊ လမ်းစဉ်တွေကွဲပြီး သူကြီးနေရာကိုတောင်အပြိုင်အဆိုင်ဖြစ်လာတာထွန်းညိုတို့လည်းအမြင်ပဲလေ။

သူကြီးသမက် ထွန်းညိုWhere stories live. Discover now