အပိုင်း (၆)

8.7K 85 1
                                    

'အကိုမောင်..နေကောင်းရဲ့လား' ဧည့်ခန်းထဲထိုင်ကာသတင်းစာဖတ်နေတဲ့ကိုကိုမောင်ကိုထွန်းညိုနှုတ်ဆက်လိုက်တယ်။ 'အေး..နေကောင်းပါတယ်ကွာ..မင်းကော..နေကောင်းတယ်မလား' 'ဟုတ်အကိုမောင်..' ဘေးမှာဝင်ထိုင်ရင်းပြောလိုက်တယ်။ ဦးသာဒိုးတို့အိမ်ကြီးမှာလှေကားနှစ်စင်းရှိပြီး ဧည့်ခန်းနဲ့တွဲလျက်လှေကားတခုကအ်ိမ်ရှင်တွေနဲ့ဧည့်သည်တွေသုံးပြီးအိမ်နောက်ဖက်ကတခုကိုတော့အိမ်စေတွေသုံးလေ့ရှိတယ်။ အိမ်ရှေ့လှေကားကဆင်းသွားရင်ကိုမောင်နဲ့တည့်တည့်တိုးမှာရိပ်မိတာကြောင့်ဦးသာဒိုးကထွန်းညိုကိုတမင်အိမ်နောက်လှေကားကိုသုံးခိုင်းလိုက်တာဖြစ်တယ်။ 'ခြံထဲလျှောက်ပတ်ကြည့်နေတာအကိုမောင်' အမေးမရှိဘဲအိုးမလုံအုံပွင့်ဖြစ်ကာပြောလိုက်မိတယ်။ 'အင်း..ထွန်းညို...ဦးလေးတို့အဒေါ်တို့ကောကျန်းကျန်းမာမာရှိကြတယ်မလား..တခါလောက်မိဘတွေနဲ့မင်းမိန်းမကိုခေါ်ပြီးမြင်းခြံကိုလာလည်ကြပါဦး..ဒီမှာတည်းခိုလို့ရတာပဲ' 'ဟုတ်..အကိုမောင်...နောက်အခွင့်သာရင်လာလည်ပါ့မယ်..အကိုမောင်လည်းရွာကိုလာလည်ဦးလေ' 'အေးပါကွာ..လာပါ့မယ်' သူတို့စကားကောင်းနေတုန်းမှာပဲ ဦးသာဒိုးကအိမ်ပေါ်ထပ်ကဆင်းလာတယ်။ 'မင်းအကိုနဲ့တွေ့ကြပြီးရောပေါ့'။ ကိုမောင်ကတော့ဘာမှမသိသလိုမျိုးနေပြီး စကားတပြောပြောရှိခဲ့ကာထွန်းညိုပြန်ခါနီးမှ 'ထမင်းစားသွားဦးဆို..အတင်းပဲပြန်ချင်နေတယ်' 'မဟုတ်ပါဘူး..အကိုမောင်...ပွဲရုံမှာကိုမြတ်သာကျန်ခဲ့လို့ပါ...အတူတူလာတာဆိုတော့ကျတော်တျောက်တည်းထမင်းစားပြီးပြန်သွားရင်မကောင်းလို့လေ' 'အေးပါကွာ..နောက်တခါကျပွဲရုံမှာမတည်းနဲ့...ဒီအိမ်ကိုပဲတန်းလာခဲ့ကြ..ကြားသလား' 'ဟုတ်အကိုမောင်' 'လာ..ငါပြန်ပို့ပေးမယ်' ကိုမောင်ကအိမ်ရှေ့ဆင်ဝင်အောက်မှာရပ်ထားတဲ့မော်တော်ကားပေါ်တက်လိုက်တယ်။ ဦးသာဒိုးကအိမ်တံခါးဝထိပဲလိုက်ပို့ကာနှုတ်ဆက်ပြီးမှအိမ်ပေါ်ပြန်တက်သွားတယ်။ ထွန်းညိုကတော့တခါမှမစီးဖူးတော့စီးရမှာရှိန်နေတယ်။ 'တက်..ထွန်းညို' ကိုမောင်ကအတွင်းကနေကားတံခါးဖွင့်ပေးလိုက်တော့မှ ထွန်းညိုကအလိုက်သင့်တက်လာခဲ့တယ်။

သူကြီးသမက် ထွန်းညိုWhere stories live. Discover now